
APM ၊ စပ်တမ်ဘာ ၄ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက် ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်အမှူမှာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရကြောင်း သိရသည်။
ဦးဝင်းမောင်(၅၈ နှစ်) အမှူကို စပ်တမ်ဘာ ၁ ရက်နိက ကျောက်ဖြူတရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားလိုပျက်ကွက်၍ မြို့နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးမီးမြန်းခြင်းမဟိဘဲ စပ်တမ်ဘာ ၇ ရက်သို့ ရုံးချိန်း ထပ်ရွှိလိုက်သည်။
ဦးဝင်းမောင်မှာ ဖမ်းဆီးခံရသည့်ချိန်မှ လက်ဟိအချိန်ထိ ရုံးချိန်းအကြိမ် ၃၁ ကြိမ်ထိ ရုံးထုတ်ခံခရကေလေ့ စစ်ကောင်စီတရားလိုမှ တကြိမ်ရာ ရောက်ဟိခပြီး၊ ယင်းတရားလိုရောက်သည့်ရုံးချိန်းတွင်လည်း မြိုနယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးခြင်းမဟိခသုဆိုသည်။
ဦးဝင်းမောင်ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၂၂ ရက်နိညည့်အချိန်တွင် ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ် ခလရ(၃၄)မှ တပ်ဖွဲဝင်များက အရပ်အဝတ်ဝတ်ကာ နီအိမ်အတွင်းသို ဝင်ရောက်ဖမ်းယူလားခသည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်ပ ၁၇/၁ နန့် ကျောက်ဖြူမြိုနယ်တရားရုံးတွင် အမှုဖွင့်တရားစွဲထားခခြင်းဖြစ်သည်။
