
APM၊ စပ်တမ်ဘာ ၄ /၂၀၂၃
ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းရို့တွင် မုတ်သုံလီ အားကောင်းနီ၍ ဒေရက်ပိုင်းအတွင်း ရက္ခိုင်ပြည်တွင် နီရာကွက်ကာ မိုးကြီးနိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒေနိ(စပ်တမ်ဘာ ၄ ရက်နိ) ညဇာ ၇ နာရီတွင်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ ” ဒေနိမြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းရို့တွင် မုတ်သုံလီ အားကောင်းနီပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလီအားအသင့်အတင့် ဟိနီကာ ရက္ခိုင်ပြည်နန့်မွန်ပြည်ရို့တွင် နီရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည်ဖြစ်ပါသည် ဟုဆိုသည်။
ယင်းအပြင် ရက္ခိုင်ကမ်းရိုးတန်းနန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင်လည်း တခါတရီ မိုးသက်လီပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မိုးသက်လီပြင်းကျစဉ် ရီပြင်/ မြီပြင်လီသည် တနာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာလည်း ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် ၆ ပေမှ ၈ ပေလောက် ဟိနိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


