APM၊ စပ်တမ်ဘာ ၄ / ၂၀၂၃
ဘူးသီးတောင်မြို့ထက်ဟိ စစ်ဖီးယှောင်စခန်းများတွင် ခိုလှုံနီထိုင်နီကတ်သော စစ်ဖီးယှောင်များထဲမှ အများစုမှာ လက်ဟိ စားဝတ်နီရီးအခက်ကြုံနီရကြောင်းသိရသည်။
ဘူးသီးတောင်မြို့ထက်တွင် ရန်အောင်မြီကျောင်းစစ်ဖီးယှောင်စခန်း ၊ လမ်းမကျောင်းစစ်ဖီးယှောင်စခန်းနန့် မြတောင် ကျောင်းစစ်ဖီးယှောင်စခန်းဟူ၍ စစ်ဖီးယှောင်စခန်း ၃ ခုဟိပြီး စစ်ဖီးယှောင်ဦးရေ ၁၃,၀၀၀ ကျော် ခိုလှုံနီထိုင်လျက်ဟိသည်။
ယင်းစစ်ဖီးယှောင်အများစုသည် မြို့ထက်၌ ကြုံရာကျဘန်းအလုပ်များ လုပ်ဖြင့် စားဝတ်နီရီးဖြီယှင်းနီကတ်ရလူများဖြစ်ပြီး လက်ဟိအလုပ်အကိုင်ယှားပါးခြင်း၊ ကုန်ဈီးနှုန်းများ အဆမတန်မြင့်တက်နီခြင်းများကြောင့် စားဝတ်နီရီးရုန်းကန်နီကတ်ရ ကြောင်း စစ်ဖီးယှောင်များကပြောသည်။
အကူညီရဟိမှုနည်းပါးခြင်းကြောင့်လည်း စစ်ဖီးယှောင်အများစု ပို ဒုက္ခရောက်ကတ်ရပြီး မိသားစုများသည့် အိမ်ထောင်စုများဆိုလျှင် မဝရီစာစားသောက်နီကတ်ရသည်ဟုဆိုသည်။
ဘူးသီးတောင်မြို့ထက်ဟိ စစ်ဖီးယှောင်များမှာ ပြီးခသည့် ၂၀၁၈ – ၂၀၁၉ တိုက်ပွဲကာလနန့် တကျော့ပြန်တိုက်ပွဲကာလ အတွင်းက နီရပ်စွန့်ခွာလာကတ်ရသူများဖြစ်သည်။
လက်ဟိ၌ အပစ်ရပ်ထားချိန်၌ စစ်ဖီးယှောင်အများစု နီရပ်ကိုပြန်ချင်နီကတ်ကေလေ့ ရွာနားတွင် မြန်မာစစ်တပ်က တပ်စွဲနီရာယူထားခြင်း၊ မိုင်းအန္တရာယ်ကိုစိုးရိမ်ရခြင်းများကြောင့် နီရပ်ပြန်ရန် အခက်ကြုံနီကတ်ရကြောင်းသိရသည်။