APM ၊ စပ်တမ်ဘာ ၄ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ)နီတောင်းချေ အမှုကို နက်ဖြန် (စပ်တမ်ဘာ ၅ ရက်နိ)၌ မင်းပြား မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆီးမည် ဖြစ် ကြောင်းသိရသည်။
အမှုကို ကုန်ခသည့် သြဂတ်စ် ၂၉ ရက်နိက မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီငါးယောက်အား စစ်ဆီးခကာ နက်ဖြန် (စပ်တမ်ဘာ ၅ ရက်နိ) သို့ ထပ်မံရုံးချိန်း ထားခြင်းဖြစ်သည်။
ဦးအောင်ကျော်လှ(၅၇ နှစ်)ကို ပြီးခသည့် ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိ၌မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်း မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲဆိုပြီး၊ ရုံးထုတ် စစ်ဆီးလျက်ဟိရာ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုမှာ ကြန့်ကြာနီရသည်။