
ULA/AA တပ်ဖွဲ့ဝင်ရို့အနီနန့် ဇာချင်းပြည်သူ ကိုမှ မတရားလုပ်စွာမဟိပိုင်၊ ဇာချင်းအမျိုးသမီးကိုမှ မဒိမ်းကျင့်စွာ မဟိကြောင်း ဦးခိုင်သုခ အခိုင်အမာ ဆို
APM ၊ ဩဂတ်စ် ၄ / ၂၀၂၄
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) စွာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင် နှစ်ယောက်ကို မတရား ဖမ်းဆီးပနာ ညှဉ်းပန်းနှိပ်စက်ပြီးကေ မဟုတ်မမှန် လုပ်ကြံ ထွက်ဆိုခိုင်းထားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုလိုက်ပါရေ။
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်နှစ်ယောက်ကို CNF/CNA က ဖမ်းဆီးပြီးကေ မဟုတ်မမှန် ထွက်ဆိုခိုင်းထားရေ ရုပ်သံဖိုင်တခုကို Chinland Information Center က သြဂတ်စ် ၁ ရက်နိမာ ထုတ်ပြန်ခပြီးနောက် ဦးခိုင်သုခက ယင်းပိုင် တုံ့ပြန်လိုက်စွာဖြစ်ပါရေ။
“ဒေဂုအွန်လိုင်းထက်မာ Chinland Information Center ဆိုစွာက တင်ထားရေ AA စစ်သုံ့ပန်းနှစ်ယောက်ကိုနီပြီးကေ CNF က စစ်ဆီးတွိဟိချက်ဆိုရေကိစ္စ။ ယင်းချင့်က ကျနော်ရို့ ရဲဖော်နှစ်ယောက် ဟုတ်ပါရေ။ ယင်းရဲဖော်နှစ်ယောက်စွာ မတူပီ တိုက်ပွဲ ပြီးလို့ နှစ်ရက်လောက်အကြာမာ ကိုယ့်လူတိဟိရေ ရွာတရွာသို့ လက်နက်မဲ့လားခစွာပါ။ ယင်းချင့်မာ သူရို့စွာ လမ်းမှားပြီးကေ ယင်းရွာကို မကျခဘဲနန့် နောက်တရွာကို ရောက်လားခပါရေ။ ယင်းရွာမာ CNF တိ ဟိရေ။ ယင်း CNF အဖွဲ့တိက ကျနော်ရို့ ရဲဖော်နှစ်ယောက်ကို ဖမ်းလားခစွာပါ။ သူရို့ပြောပိုင် စစ်သုံ့ပန်းလို့ ပြောရလောက်အောင် စစ်ဖြစ်နီတုန်းမာ ဖမ်းရခစွာလည်းမဟုတ်ပါ။ ပြောရဖို့ဆိုကေ ဒေချင့်က လက်နက်မဲ့လားရေ အချိန်မာ CNF အဖွဲ့က မတရားဖမ်းဆီးလားစွာဖြစ်ပါရေ။ ယင်းရဲဖော်နှစ်ယောက်ကို CNF/CNA ရဲဖော်တိက နှိပ်စက်ညှဥ်းပန်းမှု မျိုးစုံလုပ်တေဆိုပြီးကေ ကျနော်ရို့ ခိုင်မာရေ သတင်း Source က ရထားစွာ ဟိပါရေ။ သူရို့ရေ မတရား ညှဉ်းပန်းနှိပ်စက်ပြီးကေ သူရို့လိုရေပိုင် မတရားထွက်ဆိုခိုင်းထားစွာ ဖြစ်ပါရေ။ အထူးသဖြင့် AA ရဲဖော်တိစွာ မူးယစ်ဆီးဝါးသုံးပြီးကေ စစ်တိုက်ခိုင်းရေဆိုရေ ပုံစံမျိုးပေါ်လာအောင် လုပ်ကြံပြီးကေ အဓမ္မပြောခိုင်းထားစွာတိ ဖြစ်ပါရေလို့ ဦးခိုင်သုခက ယှင်းပြပါရေ။
ယင်းအပြင် ရပ်ရွာအုပ်ချုပ်ရီးမှူးဆိုသူတယောက်ကို အိန်တာဗျူးလုပ်ထားရာမာလည်း အာရက္ခတပ်တော် တပ်ဖွဲ့ဝင်ရို့စွာ ချင်းအမျိုးသမီးတိကို မဒိမ်းကျင့်ရေ၊ ချင်းပြည်သူရို့၏ ဝက်၊ကြက်တိကို မတရားယူရေလို့ လီဆည်လုပ်ကြံ စွပ်စွဲချက်နန့်ပတ်သက်လို့လည်း ဦးခိုင်သုခက အာရက္ခတပ်တော်တပ်ဖွဲ့ဝင်ရို့အနီနန့် ဇာချင်းပြည်သူတယောက်ကိုမှ မတရားလုပ်စွာ၊ ဇာချင်းအမျိုးသမီးတဦးတယောက်ကိုမှ မဒိမ်းကျင့်စွာမဟိလို့လည်း အခိုင်အမာ တုံ့ပြန်ပြောဆိုပါရေ။
“နောက်ထပ်နီပြီးကေ ရပ်ရွာအုပ်ချုပ်ရီးမှူး တယောက်ကို အိန်တာဗျူးထားရေ ဆိုပနာ CNF အဖွဲ့ဝင်တယောက်ကို ယင်းပိုင် လုပ်ကြံ အိန်တာဗျုးထားစွာတိလည်းပါပါရေ။ ယင်းချင့်မာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တိစွာ ချင်းအမျိုးသမိးတိကို မဒိမ်းကျင့်ရေ။ ချင်းရွာတိက ဝက်၊ ကြက်တိကို မတရားယူရေ ပုံစံမျိုးတိ လုပ်ကြံ အိန်တာဗျူးထားစွာလည်းတွိပါရေ။ ယင်းပိုင် ကျနော်ရို့ဖက်က လုပ်စွာ လုံးဝ မဟိပါ။ ကျနော်ရို့ ULA/ AA က ရဲဖော်တိအနီနန့် ဇာချင်းပြည်သူ တဦးတယောက်ကိုလည်း မတရားလုပ်စွာမဟိပိုင် ဇာချင်းအမျိုးသမီးတဦးတယောက်ကိုလည်း အတင်းအဓမ္မ ယင်းပိုင် ကျုးလွန်စွာတိ မဟိပါ လို့ ဦးခိုင်သုခက ဆိုပါရေ။
ဒေလုပ်ရပ်တိစွာ CNF/ CNA ဖက်က ULA/ AA ကို မတရားစွပ်စွဲ လုပ်ကြံတိုက်ခိုက်ဝါဒဖြန့်စွာရာ ဖြစ်ကြောင်းနန့် ဒေလုပ်ရပ်မျိုးကို အယင်က စစ်ကောင်စီရာ လုပ်ဆောင်လိဟိပြီးကေ ဒေဂုအခါ CNF/CNA က လုပ်လာစွာကို တွိရကြောင်း ဦးခိုင်သုခက ဆက်ပြောပါရေ။
ယင်းသို့ ညီနောင်တိုင်းရင်းသားအဖွဲ့ အချင်းချင်းကြားမာ မဟုတ်မမှန် မတရား လုပ်ကြံစွပ်စွဲ တိုက်ခိုက်စွာတိက ရန်သူ၏ လုပ်ရပ်မျိုးဖြစ်တေအတွက် CNF / CNA က တာဝန်ယူမှု တာဝန်ခံမှု ဟိရဖို့ဖြစ်ကြောင်းလည်း ဦးခိုင်သုခက သတိပီးပြောကြားလားခပါရေ။
