
APM၊ ဩဂတ်စ် ၄/ ၂၀၂၃
မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ဟိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းဟိအ.ထ.က(၉) စာသင်ကျောင်းတွင် ဩဂတ်စ် ၃ ရက်နိညည့် ၁၀နာရီကျော်မှ ဩဂတ်စ် ၄ရက်နိ၊ မိုးထ ၂ နာရီလောက်အထိ မီးလောင်မှုဖြစ်ပွားခရာ ပျက်စီးဆုံးယှုံးမှုအလွန် များပြားကြောင်း သိရသည်။
မီးလောင်မှုကို မီးသတ်ယာဉ် ၄စီး၊ ရီသယ်ယာဉ် အစီး၂၀၊ လူမှုကယ်ဆယ်ရီးရီသယ်ယာဉ်၆စီး၊ စုစုပေါင်းယာဉ်အစီး ၃၀ နန့် ရီဂါလံပေါင်း ၆၀၀၀၀ ကျော် အသုံးပြု၍ မီးငြိမ်းသတ်ခရသည်ဟု ဆို သည်။
မီးလောင်မှုအတွင်း မူလတန်းနန့် အလယ်တန်းကျောင်းသားများစာသင်သည့် အခန်း ၁၂ ခန်းပါ ၂ထပ်ကျောင်းဆောင် တဆောင်လုံး ပြာကျလားပြီး ၃ ထပ်ကျောင်းဆောင်တဆောင်၏ အထက်ဆုံးအထပ် မီးလောင်ပျက်စီးလားကြောင်း လူမှုဆယ်ရီးအဖွဲ့က ပြောသည်။
မီးလောင်မှုဖြစ်ပွားခသည့် အ.ထ.က(၉) ကျောင်းအား လက်ဟိတွင် ယာယီပိတ်ထားမည်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို တာဝန်ဟိသူ များက စုံစမ်း စစ်ဆီးလျှက်ဟိကြောင်း သိဟိရသည်။
Photo – အီးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရီးအဖွဲ့


