
APM၊ သြဂတ်စ် ၄ /၂၀၂၃
မြန်မာစစ်တပ်က ဖမ်းဆီးလားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နန့် တရားစွဲခံထားရသည့် ကျောက်ဖြူက အုပ်ချုပ်ရီးမှူးတယောက်အမှုကို ဩဂတ်စ် ၂ ရက်နိတွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ ကျောက်ဖြူမြို့ နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးခြင်းမလုပ်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၇/၁ နန့် တရားစွဲခံထားရသည့် အုပ်ချုပ်ရီးမှူးမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင် (၅၈နှစ်) ဖြစ်သည်။
အမှုကို သြဂတ်စ် ၂ ရက်နိက (၂၈) ကြိမ်မြောက်ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးမိန်းမြန်းခြင်းမဟိခဘဲ လာမည့် ဩဂတ်စ် ၁၁ ရက်နိသို့ ရုံးချိန်းရွှိလိုက်သည်ဟုဆိုသည်။
ဦးဝင်းမောင်ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၂၂ ရက်နိညည့်အချိန်တွင် ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ် ခလရ(၃၄)မှ တပ်ဖွဲ့ဝင်များက အရပ်အဝတ် ဝတ်ကာ နီအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းယူလားခသည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်ပ ၁၇/၁ နန့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ဦးဝင်းမောင်ကို ကျောက်ဖြူအကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်းသိရသည်။
