APM၊ ဩဂတ်စ် ၄ / ၂၀၂၃
မက္ကဆီကိုနိုင်ငံ၊ နာယာရစ် ပြည်နယ်က အဝီးဗြီးလမ်းမတွင် ဩဂတ်စ် ၃ ရက်နိက ခရီးသည်များတင်ဆောင်လာသည့် ဘတ်စ်ကားတစီးတိမ်းမှောက်၍ လူ ၁၈ ယောက် သီဆုံးကာ ၂၃ယောက် ဒဏ်ရာရလားကြောင်း သိရသည်။
အဆိုပါ ဘတ်စ်ကားတွင် ခရီးသည် ၄၂ ယောက်အား တင်ဆောင်လာပြီး အမေရိကန်နယ်စပ် တီဂျူရာနာမြို့သို့ ဦးတည် မောင်းနှင်လာရာတွင် လမ်းအကွေ့၌ အဟိန်မထိန်းနိုင်ဘဲ မီတာ ၄၀ (၁၃၁ ပေ)လောက်နက်သည့် ချောက်ထဲသို့ထိုးကျ တိမ်းမှောက်လားခြင်းဖြစ်သည်။
ယင်းကားမှောက်မှုတွင် အချေ ၃ ယောက်အပါအဝင် ၁၈ ယောက်သီဆုံးခပြီး ဒဏ်ရာရ ၂၃ ယောက် ကို ဆီးရုံသို့ ပို့ဆောင်ပီးထားကြောင်းအာဏာပိုင်များက ဆိုသည်။
ယာဉ်မောင်းကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံတွင် လမ်းများ အားနည်းချက်၊ ယာဉ်မောင်းများ မကျွမ်းကျင်မှုရို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာမကြာ ဖြစ်ပွားလိဟိသည်။
ပြီးခသည့် လပိုင်းကလေ့ နိုင်ငံခြားသားရွှိပြောင်းအလုပ်မားများကိုတင်ဆောင်လာသည့် ဘတ်စ်ကားတစီး တိမ်းမှောက်မှုဖြစ်ကာ လူ ၄၆ သီဆုံးခရသိမ့်သည်။
Source – Mexico: 18 killed as bus carrying foreign migrants crashes
Photo – Reuters