APM ၊ ဩဂတ်စ် ၄ / ၂၀၂၃
ဒေနှစ် (၂၀၂၃ ခုနှစ်) ဧပြီလမှ ဂျူလိုင်လအထိ ၄ လအတွင်း ရက္ခိုင်-ဘင်္ဂလားဒေ့ချ် နယ်စပ်ကုန် သွယ်မှုက အမေရိကန် ဒေါ်လာ ၄ ဒသမ ၄၅ သန်းရာရဟိခပြီး နယ်စပ်ကုန်သွယ်မှုပမာဏ ၆၀ ရာခိုင်နှုန်းလောက်ကျ ဆင်းလားကြောင်း ရက္ခိုင်ပြည်ကုန်သည်ကြီးများနန့် စက်မှုလက်မှု လုပ်ငန်းသျှင်များအသင်း (RSCCI)မှ ဩဂတ်စ် ၃ ရက်နိ ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ရက္ခိုင်နယ်စပ်ကုန်သွယ်ရီးစခန်းများ၌ ဒေဂု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဂျူလိုင်လအထိ ၄ လအတွင်း ကုန်သွယ်မှု တန်ဖိုးမှာ ကန်ဒေါ်လာ ၄ ဒဿမ ၄၅ သန်းရာ ဆောင်ရွက်နိုင်ခကြောင်း သိရသည်။
ယင်းပမာဏသည် ကုန်ခသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နန့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းလားခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၄ လအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၁ ဒဿမ ၅၁ သန်း ဟိခသည် ဟုဆိုသည်။
ယင်းသို့ ကုန်သွယ်မှုပမာဏကျဆင်းလားသည်မှာ ဘင်္ဂလားဒေ့ချ်ဖက်က အဓိကသွင်းယူနီခသည့် ရီချိုငါးစိမ်းများကို အယူနည်းလားသည့်အပြင် ကုန်စည်ကန့်သတ်ထားခြင်းများကြောင့်လေ့ ပါဝင်သည်။
ရက္ခိုင်-ဘင်္ဂလားဒေ့ချ် နယ်စပ်ကုန်သွယ်ရီးစခန်းနှစ်ခုမှ အယင်နှစ်များကဆိုလျှင် ရီချိုငါးတင်ပို့မှုတန်ဖိုးသည် ကုန်သွယ်မှုပမာဏ၏ ၇၀ ရာခိုင်နှုန်းလောက်ဟိပြီး လက်ဟိတွင် ၁၅ ရာခိုင်နှုန်းလောက်ရာ တင်ပို့နီရသည်ဟုဆိုသည်။
ယင်းအပြင် ကြက်သွန်ဖြူနန့် ဂျင်း နှစ်မျိုးက လွဲ၍ ကျန်ကုန်ပစ္စည်းများလေ့ တင်ပို့ခွင့်ကန့်သတ်လိုက်ခံ
ထားရကြောင်းသိရသည်။