
ကျောက်တော်မြို့ပေါ်ဟိ စစ်ဖီးယှောင်စခန်း ၇ ခုမှာ ရီကြီး၊ရီလျှံမှုများ ဖြစ်ပေါ်နီ
APM ၊ ဩဂတ်စ် ၄ /၂၀၂၃
ကျောက်တော်မြို့ပေါ်ဟိ စစ်ဖီးယှောင်စခန်း ၇ခုမှာ မုန်တိုင်းချေအဟိန်ကြောင့် ဩဂတ်စ် ၁ ရက်နိမှ ဒေဂုအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းနီ၍ ရီကြီး၊ရီလျှံမှုများဖြစ်ပေါ်ကာ နီထိုင်ရီးအခက်ကြုံနီရကြောင်း သိရသည်။
ယင်းစစ်ဖီးယှောင်စခန်းများမှာ မြို့မရွှီကျောင်း၊ကဝိရတနာ၊နီပူခံ၊COC၊မြို့သစ်မှန်ကျောင်း၊သိမ်ပြင်ကျောင်း၊သရက်အုပ် စစ်ဖီးယှောင်စခန်းရို့ဖြစ်ပြီး စခန်း ၇ ခုပေါင်း အိမ်ထောင်စု ၂၀၀၀ ကျော်နန့် လူဦးရေ ၆၀၀၀ ကျော်နီထိုင်လျက်ဟိသည်။
နလန်ထူစ မုန်တိုင်းသင့် ယင်းစစ်ဖီးယှောင်စခန်းများမှာ လက်ဟိအချိန်ထိ မိုးများအဆက်မပြတ်ရွာသွန်းနီသည့်အတွက် ရီ ၁ ပေမှ ၂ပေခွဲခန့်အထိမြင့်တက်လာနီ၍ စိုးရိမ်နီကတ်ရကြောင်း စစ်ဖီးယှောင်များကပြောသည်။
ရက္ခိုင်တွင် ပြီးခသည့် ၂ လကျော်က တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်ဖီးယှောင်စခန်းများမှ စစ်ဖီးယှောင်များမှာ ဆိုးဆိုးဝါးဝါးထိခိုက်နစ်နာခရပြီး ၊တချို့စခန်းများမှာ လက်ဟိအချိန်ထိ အမိုးအကာအောက်သို့ ရောက်ရန် ခက်ခဲနီတုန်းဖြစ်ကာ ဒေဂု နောက်ထပ်ရီကြီးမှုများကြောင့် ပို၍အခက်ကြုံနီကတ်ရသည်။
Mocha မုန်တိုင်းဒဏ်သင့်ခမှုကြောင့် အမိုးအကာအောက်သို့ မရောက်နိုင်သည့်ကြား ဒေဂု ရီကြီးမှုကြောင့်လေ့ နီအိမ်များပျက်စီးမှုများဖြစ်လာနီ၍ ပြန်လည်ထူထောင်ရီးပိုင်းတွင် ပို၍အခက် ကြုံလာမည်ကို စိုးရိမ်နီကတ်ရသည်။



