APM၊ ဩဂတ်စ် ၄/ ၂၀၂၃
ဖိလစ်ပိုင်နိုင်ငံတွင် ကုန်ခသည့် ဂျူလိုင် ၂၈ရက်နိကပင် သင်္ဘောတစီး တိမ်းမှောက်ခရာ သင်္ဘောမှာပါသည့် လူ ၆၇ ယောက် စလုံးကို ကခြီစောင့်တပ်က အချိန်မီကယ်တင်ပြီးဖြစ်ကြောင်း တာဝန်ဟိသူများက ပြောကြားသည်။
Jovelle Express နာမည်ဟိ အဆိုပါကူးတို့သင်္ဘောသည် ကိန်းဇွန်ပြည်နယ်၊ပေါ်လီလိုကျွန်းနားတွင် သင်္ဘောပျက်ပြီး ခရီး သည်တယောက်က ကမ်းခြီစောင့်စခန်းသို့ ဆက်သွယ်ခသည်။
အဆိုပါကူးတို့သင်္ဘောတွင် ခရီးသည် ၆၀ နန့် သင်္ဘောအမှုထမ်း ၇ ယောက်လိုက်ပါလာခြင်းဖြစ်ပြီး ၆၇ ယောက်စလုံးကို အချိန်မှီ ကယ်တင်နိုင်ခသည်ဟု ကမ်းခြီစောင့်တပ်ဖွဲ့က ဆိုသည်။
ဂျူလိုင် ၂၇ ရက်နိကလေ့ မြို့တော် မနီလာ အရှိတောင်ဖက်ဟိ ရီဇားပြည်နယ်တွင် မုန်တိုင်း ဝင်ရောက်နီစဉ် လီပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ကူးတို့သင်္ဘောတစီးနှစ်မြုပ်ခသိမ့်သည်။
အဆိုပါကူးတို့သင်္ဘောတိမ်းမှောက်မှုတွင် ကမ်းခြီစောင့်တပ်ဖွဲ့က ခရီးသည်များနန့် သင်္ဘောအမှုထမ်း ၄၀ ကျော်ကို ကယ် တင်နိုင်ခကေလေ့ ၂၇ ယောက်ထက်မနည်း သီဆုံးခရသည်။
ယင်းဖြစ်စဉ်မှာ သင်္ဘောဦးစီး၊ အမှုထမ်း ၂ယောက်၊ပိုင်သျှင်နန့်ကမ်းရိုးတန်းစောင့် အရာဟိတယောက်ကို တရားစွဲဆိုထား ကြောင်း သိရသည်။
ယင်းအပြင် ဖိလစ်ပိုင်၌ ၁၉၈၇ ခုနှစ်က ကူးတို့သင်္ဘောတစီးနန့်လောင်စာဆီတင်သင်္ဘောတစီး တိုက်မိပြီး တိမ်းမှောက်ခရာ အဆိုးရွားဆုံးသင်္ဘောတိမ်းမှောက်မှုဖြစ်ခပြီး လူပေါင်း ၄၃၀၀ ကျော် သီဆုံးခရသည်။
Source – Philippine coast guard rescues 67 people from damaged boat in the second ferry accident in a week
Photo – AP