
APM ၊ ဩဂတ်စ် ၄ / ၂၀၂၃
ချဲလ်ဆီးအသင်းသည် မိုနာကိုအသင်းမှ ပြင်သစ် လက်ရွီးစင် နောက်ခံလူ ဒီဆာဆီကို အပြီးသတ် ခေါ်ယူလိုက်ကြောင်း ကလပ်အသင်းဖက်မှ ဩဂတ်စ် ၄ ရက် (ဒေနိ)တွင် အတည်ပြု ကြေညာသည်။
ချဲလ်ဆီးအနီနန့် နောက်ခံလူ ဒီဆာဆီကို ပြောင်းရွှိကြေး ယူရို ၄၅ သန်းနန့် ၂၀၂၉ ခုနှစ်အထိ ၆ နှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။
နောက်ခံလူ ဒီဆာဆီက ချဲလ်ဆီးနန့် စာချုပ် ချုပ်ခွင့်ရ၍ဝမ်းမြောက်ကြောင်း” ပြောဆိုလိုက်ပြီး “အသင်းနန့်တတူ အောင်မြင်မှုတိရဖို့မျှော်လင့်ရေပိုင် ယင်းရည် မှန်းချက်ပြည့်ဝဖို့အကောင်းဆုံးကြိုးစားလားဖို့ဟု ၎င်းက ဆိုပါသည်။
အသက် ၂၅ နှစ်အရွယ် ဒီဆာဆီသည် ၂၀၂၀ ခုနှစ်တွင် ရန်းစ်အသင်းမှ ပြောင်းရွှိကြေး ယူရို ၁၃ သန်းနန့် မိုနာကိုသို့ရောက်လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၉ပွဲတွင် ၁၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၄) ကြိမ်ထက်မနည်း ပြုလုပ်ပီးခကြောင်း သိရသည်။
Source Chelsea complete Axel Disasi signing from Monaco
Photo Chelsea FC
