APM ၊ သြဂတ်စ် ၄/၂၀၂၃
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဖီးယှောင်းစခန်းတွင် မုန်တိုင်းချေအဟိန်ကြောင်း မိုးကြီးပြီး စခန်းတွင်း ရီကြီးနီ၍ နီထိုင်ရီးအခက်အခဲဖြစ်နီကတ်ရကြောင်း သိရသည်။
ယင်းစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော်နန့် လူဦးရေ ၅၀၀၀ ကျော် ခိုလှုံနီထိုင်လျက်ဟိသည်။
မုန်တိုင်းအဟိန်ကြောင့် ဩဂတ်စ် ၁ ရက်နိမှ လက်ဟိအချိန်ထိ မိုးများအဆက်မပြတ်ရွာနီရာ စခန်းတွင် ၃ ပေလောက်အထိမြင့်တက်လာနီ၍ ၎င်းစခန်းကစစ်ဖီးယှောင်များမှာ စုံရိမ်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ဆိုသည်။
ယင်းအပြင် ကျောက်တော်မြို့နယ်က မြို့မရွှီကျောင်း၊ကဝိရတနာ၊နီပူခံ၊COC၊မြို့သစ်မှန်ကျောင်း၊သိမ်ပြင်ကျောင်း၊သရက်အုပ် စစ်ဖီးယှောင်စခန်းရို့မှာလေ့ မိုးကြီး၍ စခန်းတွင်းရီကြီးနီကြောင်း သိရသည်။
ရက္ခိုင်တွင် ပြီးခသည့် ၂ လကျော်က တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်ဖီးယှောင်စခန်းများမှ စစ်ဖီးယှောင်များမှာ ဆိုးဆိုးဝါးဝါးထိခိုက်နစ်နာခရပြီး ၊တချို့စခန်းများမှာ လက်ဟိအချိန်ထိ အမိုးအကာအောက်သို့ ရောက်ရန် ခက်ခဲနီတုန်းဖြစ်ကာ ဒေဂု နောက်ထပ်ရီကြီးမှုများကြောင့်လေ့ ပို၍အခက်ကြုံနီကတ်ရသည်။