
APM၊ ဩဂတ်စ် ၄ /၂၀၂၄
ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် စစ်တွေဆိပ်ကမ်း၌ ဒေသတွင်းကုန်သွယ်ရီးသင်္ဘောကြီးများ မကြာခင် ကမ်းကပ်မည်ဟု ဆိပ်ကမ်းစီမံကိန်းနန့် နီးစပ်သူများက ပြောပါသည်။
လောလောဆယ် Mocha ဆိုင်ကလုန်း မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရီးလုပ်ငန်းများကို ဦးစားပီးလုပ်ဆောင်နီသည်ဟု ဆိုသည်။
၎င်းလုပ်ငန်းများ ပြီးစီးပါက ဒေသတွင်း ကုန်သွယ်ရီးသင်္ဘောကြီးများ ဆိုက်ကပ်မည်ဟု ပြောဆိုကတ်သည်။
စစ်တွေဆိပ်ကမ်းကို ပြီးခသည့် မေ ၉ ရက်နိက ဖွင့်လှစ်ပီးခပြီး၊ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်ခွင့် ပြုထားသည်။
စစ်တွေဆိပ်ကမ်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တိုက်ရိုက် ကိုင်တွယ်ထားပြီး၊ ဆိပ်ကမ်းအသုံးပြုမှု၊ စီမံခန့်ခွဲမှု၊ လုံခြုံရီးနန့် လည်ပတ်မှုကို အိန္ဒိယနိုင်ငံ၊ A to Z EXIM ကုမ္ပဏီက တာဝန်ယူထားသည်။
ကုလားတန်စီမံကိန်းကို ၂၀၀၈ ခုနစ်က အိန္ဒိယနန့်သဘောတူလက်မှတ်ရွီးထိုးခပြီး အိန္ဒိယဖက်က အမေရိကန် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံကာ၊ ၂၀၁၀ ခုနှစ် စပ်တမ်ဘာလမှ စ၍ အကောင်အထည်ဖော်ဆောင်ရွက်နီ ခြင်းဖြစ်သည်။
ရက္ခိုင်ပြည်၊ စစ်တွေဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရီးလုပ်ငန်းများကိုအဓိကလုပ်ဆောင်မည့် ဆိပ်ကမ်း တခုဖြစ်သည်။
