APM၊ ဩဂတ်စ် ၄/၂၀၂၂
ALP/ALA မှ ဒု-ဗိုလ်မှူးကြီးအဆင့်ဟိသူ ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုကိုအကြောင်းပြ၍ ALAတပ်ဖွဲ့ဝင်များနန့် စစ်တွေအခြီစိုက်စစ်ကောင်စီတပ် ခမရ(၃၅၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ အပြစ်မဲ့အရပ်သားပြည်သူ ၄ ယောက် ထက်မနည်းကို ဖမ်းဆီးခသည်ဟု ခိုင်မာသော သတင်းရင်းမြစ်များက ဆိုသည်။
ခိုင်ပေါ်လင်းအား ဩဂတ်စ် ၂ ရက်နိ ညဇာ ၆ နာရီခန့်တွင် ULA/ AA က ဖမ်းဆီးခသည်ဟု ဩဂတ်စ် ၃ ရက်နိတွင် ALP/ALAမှ ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။
ယင်းနောက်ပိုင်း ALP/ALA တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ဆင်ကာ ခမရ(၃၅၄) တပ်ရင်း မှ တပ်ဖွဲဝင်များနန့်အတူပူးပေါင်းလျက် စစ်တွေမြို့ ၊ နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူးဖြစ်သူ ဦးဦးဘစော(၅၀နှစ်) အား ဩဂတ်စ် ၂ ရက်နိ ညည့်၈နာရီခွဲခန့်တွင် ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားခသည်ဟု မျက်မြင်သက်သီများက ပြောကြားသည်။
ဆက်လက်၍ ဩဂတ်စ် ၃ ရက်နိ မိုးထ ၈ နာရီခွဲ၌လေ့ စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ထားသည့် ALA တပ် ဖွဲ့ ဝင်များသည် စစ်ကောင်စီတပ် ခမရ(၃၅၄)တပ်ရင်းမှတပ်ဖွဲ့ဝင်များနန့်ပူပေါင်းကာ စစ်တွေမြို့၊ နာဇီရွာစက်ရုံစု ရပ်ကွက် မှ ကိုအပြားချေ(၁၉ နှစ်)ဆိုသူအား ဖမ်းဆီးခကြောင်း၊ ALP/ALA တပ်ဖွဲ့ဝင်များသည် ကိုအပြားချေအား တနီကုန် စစ်ဆီးပြီးမှ ယင်းနိ ညဇာ ၆ နာရီ ဝန်းကျင်ခန့်တွင် ပြန်လွတ်ပီးလိုက်ကြောင်းလေ့ သတင်းရဟိသည်။
တဆက်တည်းမှာပင် ALP/ALA တပ်ဖွဲ့ဝင်များနန့် စစ်ကောင်စီတပ် ခမရ(၃၅၄) ပူးပေါင်းတပ်ဖွဲ့သည် ဩဂတ်စ် ၃ ရက်နိ မိုးထ ၁၀နာရီခွဲခန့်တွင် အဆိုပါနာဇီရွာစက်ရုံစုရပ်ကွက်မှ ဒေါ် မညွန့်စိန်(၅၁နှစ်)နန့်ကိုကလားချေ (၂၀ နှစ်) ရို့ကို အသီးသီး ဖမ်းယူလားခသည်ဟု မိသားစုဝင်များမှ သိရသည်။
ALPသည် ၎င်းရို့ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သားပြည်သူများအား စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက် ALP ရုံးတွင် ချုပ်နှောင်ထားပြီး လက်ဟိအချိန်ထိ ရိုက်နှက်စစ်ဆီးနီသည်ဟု အတည်မပြုနိုင်သိမ့်သော သတင်းများက ဆိုသည်။
အလားတူ ဩဂတ်စ် ၃ ရက်နိ မိုးထ ၉ နာရီအချိန်ခန့်ကလေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနန့်တတူ စစ်ကောင်စီတပ်ယူနီဖောင်းဝတ်ဆင်ထားသည့် ALAတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၃၀ခန့်က စစ်တွေမြို့၊ စက်ရုံ စုရပ်ကွက်မှ ဦးတင်ထွန်း၏နီအိမ်သို့အတင်းအဓမ္မဝင်ရောက်ကာ တအိမ်လုံးကိုမွှီနှောက်ရှာဖွီခပြီး အချေအဝတ်
အစားများထည့်သည့် ပလပ်စတဗူး ၁ဗူးအား ယူဆောင်လားခသည်ဟု ဦးတင်ထွန်းနန့် နီးစပ်သူများက APM သို့ ပြောကြားသည်။
ယင်းဖြစ်စဉ်များနန့် ပတ်သက်၍ ALP မှ တာဝန်ဟိသူများအား APM က ဆက်သွယ်မိန်းမြန်းရန် အကြိမ်ကြိမ် ကြိုးစားခကေ လေ့ လက်ဟိအချိန်ထိ ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်နီသည်။
ခိုင်ပေါ်လင်းအား ULA/ AAတပ်ဖွဲ့ဝင်များက ဖမ်းဆီးလားသည့်ကိစ္စကိုလေ့ အတည်ပြုနိုင်ရီး နှစ်ဖက် သက်ဆိုင်သူ များထံ ဆက်သွယ်ရန် ကြိုးစားနီပါသည်။
ယင်းအပြင် စစ်တွေမြို့၊ နာဇီရွာ စက်ရုံစုရပ်ကွက်မှ နောက်ထပ် အပြစ်မဲ့အရပ်သား ပြည်သူ (ကျား ၂ + မ ၁) စုစုပေါင်း ၃ယောက်အား ALP/ALA တပ်ဖွဲ့ဝင်များ နန့် စစ်ကောင်စီတပ် ခမရ(၃၅၄) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး လားခသည်ဟု သတင်းရထားကေလေ့ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ဟိသည်။
(Zawgyi)
ခိုင်ပေါ်လင်းအဖမ်းခံရမှုကို အကြောင်းပြ၍ ALP မှ စစ်ကောင်စီတပ်နန့် ပူးပေါင်းကာ အပြစ်မဲ့အရပ်သား ပြည်သူ ၄ ယောက်ထက်မနည်း ဖမ်းဆီးထား
APM၊ ဩဂတ်စ် ၄/၂၀၂၂