
APM ၊ ဂျူလိုင် ၄ / ၂၀၂၃
အစ္စရေးစစ်တပ်သည် အနောက်ဖက်ကမ်းဟိ ပါလက်စတိုင်းများ၏ အမာခံစခန်းများကို ဂျူလိုင် ၃ ရက်နိက စစ်ဆင်ရီး ပြုလုပ်ရာ ပါလက်စတိုင်း ၉ ယောက်ထက်မနည်းသီဆုံးပြီး ဒါဇင်နန့်ချီ ၍ ထိခိုက်ဒဏ်ရာရလားကြောင်း သိရသည်။
အစ္စရေးစစ်တပ်က ပါလက်စတိုင်းစစ်သွီးကြွများ၏ အမာခံတပ်စခန်းဟုဆိုကာ ဂျနင်ဒုက္ခသည်စခန်းနန့် ကွပ်ကဲရီးဌာနရို့ကို အဝီးထိန်းဒရုန်းများနန့် ဗုံးကြဲတိုက်ခိုက်သည်။
ယင်းတိုက်ခိုက်မှုအတွင်း အချေ ၂ ယောက်အပါဝင် ပါလက်စတိုင်း ၉ ယောက်ထက် မနည်း သီဆုံးခသည်ဟု ပါလက်စ တိုင်းကျန်းမာရီးဌာနက ဆို သည်။
ဒုက္ခသည်စခန်းစီးနင်းမှုအတွင်း ဒရုန်းများအပြင် ရာနန့်ချီသည့်စစ်သားများ၊ စနိုက်ပါသမားများ၊ မြီတူးစက်များလေ့ပါဝင်ပြီး စခန်းဟိအဆောက်အအုံများ ပျက်စီးခကြောင်း ယင်းစခန်းဟိ တက်ကြွလှုပ်ယှားသူ ဂျမဲလ်ဟူဝိုင်လ် က ပြောပြသည်။
စစ်ဆင်ရီးကြောင့် လူပေါင်း ၁၄,၀၀၀ လောက်နီထိုင်သည့် ဂျနင်ဒုက္ခသည်စခန်းတွင် လျှပ်စစ်မီးနန့် ရီပြတ်တောက်လားကာ လူပေါင်း ၃၀၀၀လောက်ကို ဖီးကင်းရာသို့ ရွှိပြောင်းခရသည်။
အဆိုပါတိုက်ခိုက်မှုကို ပါလက်စတိုင်းနန့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဂျော်ဒန်၊ အီဂျစ်နန့် အာရပ်စော်ဘွားများပြည် ထောင်စု အပါအဝင် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရီးအဖွဲ့ (OIC)က ရှုံ့ချထားသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်ဆင်ရီးအတွင်း စစ်သွီးကြွများ၏ ကွပ်ကဲမှု ဌာနများကို ဖျက်ဆီးခကာ လက်နက်ထောက်ပံ့မှုများနန့် စက်ရုံများကို ဖြတ်တောက်နိုင်ခပြီး အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခ သည်ဟု ဆိုသည်။
ပါလက်စတိုင်းနိုင်ငံခြားရီးဝန်ကြီးဌာနပြောခွင့်ရကတော့ ပါလက်စတိုင်းပြည်သူများအနီနန့် လက်နက်ချမည်မဟုတ်ဘဲ ကျူး ကျော်မှုကို ခုခံတိုက်ခိုက်လားမည်ဟု ပြောကြားထားသည်။
Source – A real massacre: Israels attack on Palestinians in Jenin
Photo – RUFC
