
APM၊ ဂျူလိုင် ၄ / ၂၀၂၃
ကီလိုမီတာ ၁၄၀၀ရှည်လျားပြီးအိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို တိုက် ရိုက်ချိတ်ဆက်ပီးမည့် အဝီးဗြီးလမ်းမကြီးမှာ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီး ယာဟု အိန္ဒိယပြည်ထောင်စုဝန်ကြီး နီတက် ဂတ်ဒ်ကာရီက ဆိုကြောင်း ဂျူလိုင် ၂ ရက်နိတွင် အိန္ဒိယသတင်းဌာန PTI က ဖော်ပြသည်။
အဆိုပါလမ်းမကြီးသည် အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်၊ မိုရေးမြို့မှ မြန်မာပြည်၊ မန္တလေး၊ နီပြည်တော်၊ ပဲခူး၊ ရန်ကုန်မြို့များ မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်မည်ဖြစ်ပြီး သုံးနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရီး၊ ကျန်းမာရီး၊ ပညာရီးနန့် ခရီးလားလာရီးဆိုင်ရာ ဆက်ဆံရီးကို မြှင့်တင်ပီးရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ယင်းအပြင် ဒေအဝီးဗြီးလမ်းမကြီး ပြီးစီးပါက အိန္ဒိယသည် အရှိတောင်အာသျှနိုင်ငံများနန့် တိုက်ရိုက်ကုန်းလမ်းဆက်သွယ် မှု ထူထောင်နိုင်ကာ ကုန်သွယ်မှုနန့် ပူးပေါင်းဆောင်ရွက်ရီး လမ်းကြောင်းသစ်များ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
ပြီးခသည့် ၂၀၀၂ ခုနှစ်တွင် သုံးနိုင်ငံအဆင့် ဝန်ကြီးများ အစည်းအဝေးအပြီး၌ စီမံကိန်းကို စတင်ခသည်။
အိန္ဒိယအစိုးရက ၂၀၁၉ ခုနှစ်တွင် စတင်ကုန်သွယ်မှုပြုလုပ်ရန် ရည်မှန်းခကေလေ့ စီမံကိန်းသည် နှောင့်နှေးမှုနန့် ကြုံတွိခရ ခြင်းဖြစ်သည်။
ပြီးခသည့် ၂၀၁၆ ခုနှစ်၊ သြဂတ်စ်လကလေ့ မြန်မာပြည် သမ္မတ ဦးထင်ကျော် အိန္ဒိယသို့ လားရောက်လည်ပတ်ခစဉ် အိန္ဒိယ နန့် နားလည်မှုစာချွန်လွှာ လက်မှတ်ရွီးထိုးကာ အိန္ဒိယမှ ရန်ပုံငွေထောက်ပံ့မှုနန့် တမူး-ကျီးကုန်း-ကလေးဝ အပိုင်း (၁၄၉.၇၀ ကီလို မီတာ)၌ ချဉ်းကပ်လမ်းများ အပါအဝင် တံတား ၆၉ စင်း ဆောက်လုပ်ရန် သဘောတူညီမှုများ ချမှတ်ခသိမ့်ကြောင်း သိရသည်။
Source – Around 70 Percent Work On India-Myanmar-Thailand Trilateral Highway Completed: Nitin Gadkari
Photo – PTI
