APM ၊ ဂျူလိုင် ၄/၂၀၂၃
ကချင်လွတ်လပ်ရီးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာခရိုင်သို့ မြန်မာစစ်တပ်ကစစ်ကြောင်းထိုးနီသဖြင့် တိုက်ပွဲများ အချိန် မရွီးဖြစ်လာနိုင်၍ ဒေသခံပြည်သူများအနီနန့်အထူးဂရုစိုက် လားလာ နီထိုင်ကတ်ဖို့ လိုင်ဇာခရိုင်အုပ် ချုပ်ရီးရုံးက ဒေနိ ဂျူလိုင် ၄ ရက်နိတွင် သတိပီးချက်ထုတ်ပြန် လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်နန့် အပါးဟပ်စပ်နီရာများ၊ တိုက်ပွဲဖြစ်ပွားနီသော နီရာများနန့် တိုက်ပွဲဖြစ် ပွားနိုင် သည့်နီရာများသို့ မလားလာကတ်ဖို့၊မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် ခရီးလားလာမှုကိုတတ်နိုင်သလောက် ယှောင်ယှားကတ်ဖို့၊ အကယ်တန္တိ မဖြစ်မနီလားလာဖို့လိုအပ်ပါက စစ်ရီးအခြေအနီကို လေ့လာပြီးမှရာ လားလာကတ်ဖို့ ဖော်ပြထားပါသည်။
ယင်းအပြင် မြန်မာစစ်တပ်အား လူအားနန့် ဖြစ်စီ၊ ပစ္စည်းနန့်ဖြစ်စီ ကူညီပတ်သက်ခြင်း လုံးဝမလုပ်ကတ်ဖို့ကိုလေ့ KIA က သတိပီး တိုက်တွန်းထားပါသည်။
ဒေဂုဂျူလိုင်လဆန်းမှစ၍မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွင် KIA နန့် မြန်မာစစ်တပ်ရို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ် ပွားကာ စစ်ရီးတင်းမာလျက်ဟိကြောင်း သိရသည်။