APM ၊ ဂျူလိုင် ၄/ ၂၀၂၃
ထိုင်းနိုင်ငံ၏ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပရာချာချတ်ပါတီဂေါင်းဆောင် ဝမ်မူဟာမက် နော်မာသာကို Move Forward ပါတီ (MFP) နန့် ဖြူးထိုင်းပါတီရို့က သဘောတူညီစွာဖြင့် ဒေနိ(ဂျူလိုင် ၄ရက်နိ)တွင် တင်မြှောက်လိုက်ကတ်သည်။
Move Forward ပါတီဂေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ်က “ဝမ်မူဟာမက်ကိုအောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွီးချယ် ရန် ဖြူးထိုင်းပါတီနန့် သဘောတူညီခကတ်ကြောင်း ဂျူလိုင် ၃ ရက်နိကပြုလုပ်သည့် သတင်းစာယှင်းလင်းပွဲ၌ ပြောကြား ခသည်။
အဆိုပါ သဘောတူညီချက်အရ ဝမ်မူ ဟာမက်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပိုင် Move Forward ပါတီမှ ဒု-လွှတ်တော်ဥက္ကဋ္ဌ (၁) ရာထူး ကိုရယူပြီး ဖြူးထိုင်းပါတီမှလေ့ ဒု-လွှတ်တော်ဥက္ကဋ္ဌ(၂) ရာထူးကို အသီးသီးရယူလားကတ် မည်ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို အခြားညွန့်ပေါင်းပါတီများမှလေ့ သဘောတူညီခကတ်ပြီး နိုင်ငံရီးပါတီ သျှစ်ခုအကြား စည်းလုံး ညီညွတ်မှုဖြင့် ဝမ်မူဟာမက်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွီးချယ်သည့်နည်းတူ တဦးတည်းသော ဝန်ကြီးချုပ်လောင်း အဖြစ်လေ့ ထောက်ခံလားမည်ဟု Move Forward ပါတီဂေါင်းဆောင် ပီတာ က ပြောသည်။
ဖြူးထိုင်းပါတီ၏ ဒု-ဂေါင်းဆောင် ဖမ်သမ် ဝီချာယာချိုင်းက “အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပရာချာချတ်ပါတီ ဂေါင်းဆောင်ကို လက်ခံခခြင်းမှာ ဝမ်မူဟာမက်သည် ကြားနီတဦးဖြစ်ပြီး ညွှန့် ပေါင်း ပါတီများ အစိုးရဖွဲ့စည်းရီးကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း” ပြောဆိုထားသည်။
Source – House Speaker chosen/ Bangkok Post
Photo – Bangkok Post