APM ၊ ဂျူလိုင် ၄ / ၂၀၂၃
ပြီးခသည့် ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံ၌ အိမ်သျှင်ဖြစ်သူ၏ အသက် ၇၀ အရွယ်ယောက္ခမအား ဓားထိုး၍ သတ်ဖြတ်ခ သည့် အိမ်အကူ မြန်မာအမျိုးသမီးကို ဒေနိ (ဂျူလိုင် ၄ ရက်နိ) တွင် စင်ကာပူတရားရုံးမှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။
ရာဇ၀တ်ကျင့်ထုံးဥပဒေအရ ပြစ်မှုကျူးလွန်ခသူ အိမ်အကူ မြန်မာအမျိုးသမီး မဇင်မာနွယ်သည် ပြစ်မှုကျူးလွန်ချိန်၌ အသက် ၁၈ နှစ် မပြည့်သိမ့်၍ ၎င်းအား ချမှတ်နိုင်သည့် တခုတည်းသောပြစ်ဒဏ်မှာ ထောင်ဒဏ်တသက်တကျွန်းရာ ဖြစ်သည်ဟု တရားသူကြီး အန်ဒရီးမာနီယန်က ဆိုသည်။
မဇင်မာနွယ်သည် ၂၀၁၈ ခုနှစ်၊ ဂျုန်လက စင်ကာပူနိုင်ငံဟိ အိန္ဒိယလူမျိုးမိသားစုထံ၌ အိမ်အကူအဖြစ် အလုပ်လုပ်နီချိန်တွင် အိမ်သျှင်၏ ယောက္ခမတော်စပ်သူ ဝါကြီးမ က မဇင်မာနွယ်ကို အေးဂျင့်ထံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်သဖြင့် ဓားနန့်ထိုး သတ်ရာ အဘွားအိုမှာ ဓားဒဏ် ရာ ၂၆ ချက်နန့် သွီးထွက်လွန်သီဆုံးခကြောင်း ဆိုသည်။
ယင်းနောက် မဇင်မာနွယ်သည် အေးဂျင့်ထံသို့ထွက်ဗြီးရာတွင် ဖမ်းဆီးခံပြီးနောက် လူသတ်မှုနန့် တရားစွဲဆိုခံခရကာ သုံးနှစ်အကြာ၂၀၂၁ခုနှစ်၊ နိုဗမ်ဘာလတွင် စတင် ရုံးထုတ်စစ်ဆီးခသည်။
တရားရင်ဆိုင်နီရချိန်တွင် မဇင်မာနွယ်ကို အလုပ်သျှင်က အဓမ္မခိုင်းစီမှုနန့် ရိုက်နှက်မှုများဟိသည်ဆိုသည့် အချက်များကို တရားရုံးက လက်ခံခကာ လူသတ်မှုနန့် အပြစ်ဟိကြောင်း ပြီးခသည့်မေလက အထက်တရားရုံးမှ ဆုံးဖြတ်ခပြီးနောက် ဒေဂုပိုင် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။
မဇင်မာနွယ်၏ ရှိနီဖြစ်သူ ခရစ်စတိုဖာဘရိုင်းဂ်က လူသတ်မှုပုဒ်မ ၃၀၀ (ဂ) အရ ထောင်ဒဏ်တသက် ချမှတ်နိုင်ကေလေ့ သီဒဏ်မပီးသင့်ကြောင်းတရားရုံး၌လျှောက်လဲခပြီး တရားလိုဖက်ကလေ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်သည်ကို မကန့်ကွက်ကြောင်း သိရသည်။
Source – Maid sentenced to life imprisonment for murdering 70-year-old woman by stabbing her 26 times/ CNA
Photo – CNN