APM ၊ ဂျူလိုင် ၄ / ၂၀၂၃
မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်မြီ (၅)၊ ငါးခူရနယ်ခြားစောင့်ရဲစခန်းမှ စခန်းမှူးအပါအဝင် အရာဟိ ၃ ယောက် ထွက်ဗြီး လားခပြီးနောက် လက်ဟိတွင် မြန်မာစစ်တပ်နန့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ရှာဖွီမှု များပြုလုပ်နီကြောင်း သိရသည်။
ငါးခူရနယ်ခြားစောင့်ရဲစခန်းသည် နနခ(၇) လက်အောက်ခွံ တပ်ရင်းတခုဖြစ်ပြီး ဂျူလိုင် ၃ ရက် ညည့်၌ ယင်းစခန်းမှ စခန်းမှူး၊ အမှုစစ်အရာဟိနန့် ဒုရဲအုပ်တယောက် ထွက်ဗြီးလားခြင်းဖြစ်သည်။
လက်ဟိ၌ အဆိုပါ ထွက်ဗြီးလားသူ နယ်ခြားစောင့်ရဲအရာဟိများကို ကြိမ်ချောင်းဗျူဟာနန့် အမှတ်(၁) နယ်ခြားစောင့်ကွပ် ကဲမှုဌာနချုပ်(ကျီးကန်းပြင်)မှ အင်အား ရာနန့် ချီသော မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနန့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက စစ်ကား ငါးစီးဖြင့် အနားတဝှိုက်ကျေးရွာများ၊ မောင်တော-အငူမော်ကားလမ်းတလျှောက်နန့် မောင်တော-ဘူးသီးတောင် ကားလမ်းများအတွင်း ပိတ်ဆို့ရှာဖွီမှုများပြုလုပ်နီကြောင်း ဒေသခံများကပြောသည်။
ဒေသခံများ၏ပြောကြားချက်အရ ထွက်ဗြီးလားသူ အရာဟိများမှာ အချုပ်ခန်းအတွင်းထိန်းသိမ်းထားရာမှ ထွက်ဗြီးလားသူ တရားခံတယောက်ကို လိုက်ရှာယင်း ၎င်းရို့ပါ ထွက်ဗြီးလားခြင်းဖြစ်ပြီး ဒုရဲအုပ်မှာ မယားကိုပါ ခေါ်လားခကြောင်းသိရသည်။