APM၊ ဂျူလိုင် ၄/ ၂၀၂၂
ဒေနိ(ဂျူလိုင် ၄ ရက်နိ)မှာ မြန်မာ-ထိုင်း နယ်စပ်၌ ရက္ခိုင့်တပ်တော် AA တပ်စခန်းတခုအား စစ်ကောင်စီတပ်က လီကြောင်းမှရုတ်တရက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်တချို့ ကျဆုံးခရကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိညဇာသတင်း ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်၌ “၂၀၂၂ ခုနှစ်၊ ဂျူလိုင် (၄) ရက်နိ၊ နိခင်း ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မြန်မာ- ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ(၅) ဧရိယာထဲဟိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လီယာဉ်(၂)စီးဖြင့် လီကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခသောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ဟိ မိမိရို့တပ်ဖွဲ့ဝင်တချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ဟိခသည်”ဟု ဖော်ပြသည်။
ယင်းနောက် ယင်းစခန်းအတွင်းဟိ ဆီးရုံဆီးခန်း၊ စက်ခြုပ်စက်ရုံ အပါအဝင် အဆောက်အအုံတချိုလေ့ ပျက်စီးဆုံးယှုံးခကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ဂျက်တိုက်လီယာဉ်(၂)စီးသည် မြန်မာ-ထိုင်းနယ်စပ်အနားဟိ AA တပ်စခန်းအား မြန်မာဖက် (ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလီပိုင်နက်အတွင်းသို့ ဝင်ရောက်လားခသည်ဟုလေ့ ရက္ခိုင့်တပ်တော် ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
(Zawgyi)
ရက္ခိုင့်တပ်တော် AA တပ်စခန်းတခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်တချို့ ကျဆုံး
APM၊ ဂျူလိုင် ၄/ ၂၀၂၂