
APM၊ ဂျုန် ၄ /၂၀၂၄
စစ်တွေမြို့၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီနန့် ၎င်းရို့လက်ကိုင်တုတ်အကြမ်းဖက်အဖွဲ့ဝင်တိက အကြမ်းဖက်စီးနင်းဝင်ရောက် ဖမ်းဆီးပစ်ခတ်သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်စဉ်အတွင်း ဒေနိ(ဂျုန် ၄ ရက်နိ) အထိ ပစ်သတ်ခံရလူ (၇၆) ယောက်အထိဟိလာကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ ထောင်ချီသော ရွာသူရွာသားများထဲမှ (၅၀) ကျော်အား ဖက်ဆစ်စစ်ကောင်စီနန့်အတူ ရခိုင်ပြည်လွတ်မြောက်ရီးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်တိက ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်နိမှစတင်ပြီး လေးရက်အတွင်း သတ်ဖြတ်ခကြောင်း ကနဦး သိဟိခရကေလည်း ၂၀၂၄ ခုနှစ်၊ ဂျုန်လ (၄) ရက်နိနောက်ဆုံးရဟိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ဟိလာခပြီးဖြစ်သည်” လို့ ဆိုပါရေ။
အာရက္ခတပ်တော် အနီနန့် အထက်ပါဖြစ်စဉ်နန့်ပတ်သက်တေ နောက်ဆက်တွဲအချက်အလက်တိကို ဆက်လက်စုံစမ်းပြီးကေ အချိန်နန့်တဗြီးညီ ဆက်လက်တင်ပီးလားဖို့လို့ လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
