APM ၊ ဂျုန် ၄ /၂၀၂၃
UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းလူမှုကယ်ဆယ်ရီးအဖွဲ့အစည်းများ အနီနန့် မုန်တိုင်းသင့်ပြည်သူ များကို ဒေထက်မက ပိုမို လာရောက်ကူညီပီးကတ်ရန် ရက္ခိုင်အမျိုးသာအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က တိုက်တွန်း ပြောကြားသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းသင့် အာရက္ခပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ရီးကိစ္စရပ်များနန့် ပတ်သတ်၍ APM နန့် မေ ၃၀ ရက်နိက ဆက်သွယ်မိန်းမြန်းမှု၌ ULA/AAပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခ က ယင်းသို့ ပြောကြားခခြင်း ဖြစ်သည်။
ပြည်တွင်းပြည်ပက လူသားချင်းစာနာမှု အထောက်အပံ့ပီးနီကတ်တေ အဖွဲ့အစည်းတိ ၊လူပုဂ္ဂိုလ်တိကို ကျနော်ရို့အနီနန့် ပြောချင်စွာက ပထမဆုံးအဆင့် အရေးပေါ်ကယ်ဆယ်ရီးကို လုပ်ဆောင်နီကတ်ရစွာဖြစ်ပါရေ။ အရေးပေါ် ကယ်ဆယ်ရီး နောက်ပိုင်းမှာ ပြန်လည်နီရာချထားရီးနန့် ပြန်လည်ထူထောင်ရီးကို လုပ်တေခါ ဒေဂုအရေးပေါ်ကယ်ဆယ်ရီးမှာ ပီးနီရေ အထောက်အပံ့လောက်နန့် မလုံလောက်နိုင်ပါ။ ယင်းအတွက်နန့် UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတိအနီနန့် ဒုက္ခရောက်နီရေ ပြည်သူတိဘဝပြန်လည်တည်ဆောင်နိုင်ရီးဒေဂုထက်ပိုပြီးကေ ကူညီထောက်ပံ့ပီးဖို့ ကျနော်ရို့အနီနန့် မေတ္တာရပ်ခံလိုပါရေဟု ဦးခိုင်သုခကဆိုသည်။
မုန်တိုင်းတိုက်ပြီးနောက် မေ ၁၇ ရက်နိမှစ၍ ပြည်တွင်းလူမှုအဖွဲ့အစည်းများသည် ၎င်းရို့တတ်နိုင်သမျှကူညီ ဆောင်ရွက် ပီးလျက်ဟိကြောင်း၊ နောက်ပိုင်း WFP အပါအဝင် INGO တချို့ကလေ့ မုန်တိုင်းဒဏ်သင့် ပြည်သူများကို လာရောက်အကူ အညီများပီးနီကြောင်းနန့် လက်ဟိအချိန်ထိ အကူညီရဟိထားသည့် အိမ်ထောင်စုပေါင်း ၁၃၆၉၂ စုဖြစ်ပြီး ဒေအရေအတွက် သည် မုန်တိုင်းဒဏ်သင့်အိမ်ထောင်စုအရေအတွက်နန့် ယှဉ်ပါက ၅ ရာခိုင်နှုန်းလောက်ရာဟိကြောင်းလေ့ ဦးခိုင်သုခက ယှင်း ပြသည်။
ယင်းအပြင် လက်ဟိအခြေအနီ၌ မိုးရွာလျှင် အငတ်ဖီးဆိုက်လာနိုင် သည် အနီအထားဖြစ်၍ မုတ်သုံမိုးမရွာခင်ကြားထဲ စား နပ်ရိက္ခာများနန့် အိမ်အမိုးအကာပစ္စည်းများမုန်တိုင်းသင့်ပြည်သူများလက်ထဲသို့ ရောက် ဟိနိုင်ရီး အကောင်းဆုံးအကူညီ ပီးကတ်ရန် လူသားချင်းစာနာထောက်ထားရီး အဖွဲ့အစည်းများကို မေတ္တာရပ်ခံကြောင်းလေ့ ဦးခိုင်သုခ ကပြောကြားခသိမ့် သည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင်း ရက္ခိုင်တပြည်လုံးတွင် ရပ်ကွက်ကျေးရွာပေါင်း ၂၀၁၇ ရွာပျက် စီးလားခပြီး အိမ်ခြီစုစုပေါင်း ၂၁၆၆၈၁ ဆောင်ပျက်စီးလားကာ ဒေသခံပြည်သူ ၁၂ သိန်းနန့် ၁၅ သိန်းကြား မုန်တိုင်းဒဏ်သင့်ခရကြောင်း သိရသည်။