
APM ၊ ဂျုန် ၄ / ၂၀၂၄
မောင်တောမြို့နယ်မာ ဂျုန် ၃ရက်နိက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို စစ်ကောင်စီမတရားဖမ်းဆီးလားရေလို့ သိရပါရေ။
ဖမ်းဆီးခြင်းခံရလူတိစွာ မောင်တောမြို့နယ်၊သာယာကုန်းရွာက ဦးမောင်လှသန်း၊ ဦးထွန်းနုစိန်၊ ဦးလှထွန်းနန့် မကျည်းကုန်းရွာက ဦးဒူရီး၊ ဦးလှသန်းရို့ ဖြစ်ကတ်ပါရေ။
ဂျုန် ၃ရက်နိ၊ညဇာ ၃ နာရီအချိန်လောက်က အာရက္ခတပ်တော်(AA)နန့်မောင်တောမြို့(၄)မိုင်၊နခခ (၂)စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၈၀)လောက်ရို့စွာ သာယာကုန်းရွာနန့်ငွေတောင်ရွာ အနားတဝိုက်မာ တိုက်ပွဲဖြစ်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းသို့ တိုက်ပွဲလို့ ညဇာ ၄ နာရီလောက်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိတပ်ဆုတ်လာရေခါ လမ်းမာတွိရေ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်လားစွာလို့ ဆိုပါရေ။
လက်ဟိမာ ဖမ်းဆီးခံရသူ ဒေသခံ ၅ ယောက်ထဲက ၁ ယောက်စွာ ထွက်ဗြီးလွတ်မြောက်လာကေလေ့ ကျန် ၄ ယောက်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ သာယာကုန်းရွာဘုန်းကြီးကျောင်းမာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသိမ့်ရေလို့ သိရပါရေ။
