
APM ၊ ဂျုန် ၄ / ၂၀၂၃
မုန်တိုင်းကြောင့် နီအိမ်များပျက်စီးခရသည့် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာသားများ လက်ဟိ၌ နီအိမ်ပြုပျင်ရန် အရေးပေါ်အကူအညီ လိုအပ်နီကြောင်း သိရသည်။
ကျောက်ပန္ဒူရွာတွင် အိမ်ထောင်စု ၁၈၀ လောက်နန့် လူဦးရေ ၇ဝဝ ကျော်နီထိုင်လျက်ဟိပြီး မေ ၁၄ ရက်နိက Mocah ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခပြီးနောက် နီအိမ်အများအပြားပျက်စီးခရသည့်အပြင် တရွာလုံးမှာလေ့ ပင် လယ်ရီ လွှမ်းမိုးမှုဒဏ်ကို ခံခရသည်။
ယင်း ကျောက်ပန္ဒူရွာသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြီအနားတွင်တည်ဟိပြီး မြို့ပေါ်ဒေသများနန့်လေ့ အလှမ်းဝီးကာ လမ်းခရီးကြမ်း တမ်းလျက် လားလာရခက်ခဲမှုကြောင့် အရေးပေါ် အကူအညီလာရောက်လှူဒါန်းမှုများ မဟိသလောက်နည်း ပါးနီ၍ ပျက်စီးလားသည့်နီအိမ်များကိုပြန်လည်ပြုပျင်ရန် အခက်ကြုံနီကတ်ရကြောင်း ရွာသားများက ပြောသည်။
နီအိမ်များကို ကိုယ်ထူကိုယ်ထ ပြန်ပြုပျင်နီကတ်သူတချို့မှာလေ့ငွေ ကြေး မလုံလောက်မှုနန့် ရင်ဆိုင်နီကတ်ရပြီး ဆောက် လုပ်ဆဲနီအိမ်များကိုပင် ရပ်ထားသည်ဟုဆိုသည်။
အလားတူ ရွာသားများ စားသောက်ရန်စုဆောင်းထားသည့် ဆန်စပါးများမှာလေ့ ပင်လယ်ရီဝင်ရောက်လားပြီးနောက် ပျက်စီးဆုံးယှုံးလားသည့်အပြင် သောက်သုံးရီကန်များမှာ ဆားငံရီဝင်လား၍ လက်ဟိ သောက်သုံးရီနန့် စားနပ်ရိက္ခာ များလေ့ အပူတပြင်းလိုအပ်လျက်ဟိသည်။
အဆိုပါ ကျောက်ပန္ဒူရွာသားအများစုသည် ရီလုပ်ငန်းနန့် ကျွဲ၊ နွားမွီးမြူရီးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကတ်ပြီး လယ် ယာလုပ်ငန်းလုပ်ကိုင်သူနည်းကြောင်း သိရသည်။
ကျောက်ပန္ဒူရွာအပါအဝင် မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင်း ရက္ခိုင်တပြည်လုံးတွင် ရပ်ကွက်ကျေးရွာ ပေါင်း ၂၀၁၇ ရွာပျက် စီးလားခပြီး အိမ်ခြီစုစုပေါင်း ၂၁၆၆၈၁ ဆောင်ပျက်စီးလားကာ ဒေသခံပြည်သူ ၁၂ သိန်းနန့် ၁၅ သိန်းကြား မုန်တိုင်းဒဏ်သင့်ခရသည်။
ယင်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် လက်ဟိအခြေအနီ၌ မိုးရွာလျှင် အငတ်ဖီးတိ ဆိုက်လာနိုင်သည် အနီအထားဖြစ်၍ လူသားချင်း စာနာထောက်ထားရီး အဖွဲအစည်းများအနီနန့် မုတ်သုံမိုးမရွာခင်ကြားထဲ စားနပ်ရိက္ခာများနန့် အိမ်အမိုး အကာ ပစ္စည်းများ မုန်တိုင်းသင့်ပြည်သူများလက်ထဲသို ရောက်ဟိနိုင်ရီး အကောင်းဆုံးအကူညီပီးကတ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က တိုက်တွန်းထား သည်။


