APM၊ ဂျုန် ၄/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) နန့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက မတရားဖမ်းဆီးထားသော ကျောက်ဖြူဒေသခံ နှစ်ယောက်ကို လာမည့် ဂျုန် ၁၀ ရက်နိတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆီးမည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
မတရားဖမ်းဆီးခံထားရသူနှစ်ယောက်မှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ့(၅၆နှစ်) ရို့ဖြစ်ကတ်ပြီး သူရို့ကို ULA/AA အတွက် ငွေကြေးကောက်ခံသည်ဟု စွပ်စွဲ၍ ကျောက် ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက မေ ၂၆ ရက်နိတွင် လာရောက်ဖမ်းဆီး လားခြင်း ဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်အား စစ်ကောင်စီက မြန်မာပြည်အပေါ်အကြည်အညိုပျက်စီမှုပုဒ်မ ၅ဝ၅(က)နန့် အမှုဖွင့်ထားပြီး လာမည့်ဂျုန် ၁၀ရက်နိတွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်ဟု ရဲစခန်းက ပြောကြောင်း မိသား စုဝင် တယောက်က ဆိုသည်။
“ဒေလ ၁၀ရက်နိ ရုံးထုတ်ဖို့လို့ ရဲစခန်းကပြောပါရေ။ ၅၀၅(က)နန့် အမှုဖွင့်ထားစွာလို့ ဆိုပါရေ။ ဖမ်းပြီးနောက် တရက်မှာ သူရို့တိကို ထောင်ချုပ်သို့ ပို့လိုက်တေလို့ ရဲစခန်းကပြောပါရေ။ ဖမ်းလားခါကပင် ဒေနိအထိ လူချင်း လုံးဝ တွိခွင့် မရပါသိမ့်” ဟု ယင်းမိသားစုဝင်က ပြောသည်။
ဦးသန်းလှိုင်နန့် ဒေါ်ခင်အုန်းနွဲ့ရို့ကို မေ ၂၆ ရက်နိက ရဲတပ်ဖွဲ့နန့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရီးမှူးများမပါ ဘဲ အရပ်ဝတ်နန့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက်က လာဖမ်းလားခပြီး၊ မေ ၂၇နိမှာ ကျောက်ဖြူထောင်ချုပ် သို့ ပို့လိုက်ကြောင်း သိရသည်။ အေဂုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ်၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)နန့်ဆက်စပ်သူများကို အပူတပြင်းပိုက်စိုက်တိုက်လိုက်လံ စီးနင်းရှာဖွီနီကြောင်း သိဟိရပါသည်။