
APM ၊ မေ ၄ / ၂၀၂၃
(၈) ကြိမ်မြောက် မရမာကြီးအမျိုးသားနိအခမ်းအနားကို မေ ၃ ရက်နိ၌ ကျောက်ဖြူမြို့၊ အရာဟိရပ်ကွက်၊ မရမာကြီး ရတနာ့ဗိမာန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခကြောင်း သိရသည်။
မရမာကြီးအမျိုးသားနိအခမ်းအနားကို မရမာကြီးစာပီနန့် ယဥ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနား၌ မရမာကြီးလူမျိုးရို့၏ ယဉ်ကျေးမှုနန့်အကများ၊ ဝတ်စားဆင်ယင်မှုများအား ပြသခကာ ရခိုင်၊ ကမန် စသည့် မျိုးနွယ်စုဝင် များ တက်ရောက်ခကတ်ကြောင်း အခမ်းအနားကို ဦးဆောင်ကျင်းပသူများက ပြောသည်။
မရမာကြီးအမျိုးသားနိကို ဗုဒ္ဓဘုရားသျှင်ဖွားမြင်တော်မူသည့် ကဆုန်လပြည့်နိအား သတ်မှတ်ထားခြင်းဖြစ်ပြီး အမျိုးသားနိ အခမ်းအနားကိုတော့ ၂၀၁၅ ခုနှစ်မှစတင်ကာ ပထမအကြိမ်အဖြစ် ကျောက်ဖြူမြို့တွင် ကျင်းပခခြင်းဖြစ်သည်။
ယင်းမှတဆင့် စစ်တွေ၊ မင်းပြားရို့၌ ဆက်လက်ကျင်းပခပြီး ဒေဂုအကြိမ်ဆိုလျှင် (၈)ကြိမ်မြောက်ကျင်းပခြင်းဟု ဆိုသည်။
ရက္ခိုင်ပြည်မြို့နယ်အသီးသီးတွင် မရမာကြီးလူမျိုးများသည် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူနန့် မောင်တောမြို့နယ်ရို့တွင် အများစုနီထိုင်ကတ်ကြောင်း သိဟိရပါသည်။
Photo – Western News


