APM ၊ မေ ၄ / ၂၀၂၃
အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ဒေရာသီကုန်လျှင် ပြင်သစ်ကလပ်ပီ PSG အသင်းမှ ထွက်ခွာမည်ဖြစ် ကြောင်း AP သတင်းတရပ်တွင် မေ ၃ ရက်နိက ဖော်ပြထားသည်။
မက်ဆီနန့် PSG အသင်းရို့ချုပ်ဆိုထားသည့် စာချုပ်သည် ဒေရာသီကုန်လျှင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ် စာချုပ်သစ်ထပ်မချုပ်ဘဲ အလွတ်ပြောင်းရွိကြေး ဖြင့်ထွက်ခွာမည်ဟုဆိုသည်။
ယင်းအပြင် မက်ဆီ၏ ထွက်ခွာမှုသည် နှစ်ဦးနှစ်ဖက် ဆုံးဖြတ်ချက်ဖြစ်ကြောင်းလေ့ AP သတင်း၌ ဖော်ပြထားသည်။
PSG မှ ထွက်ခွာပါက မက်ဆီကိုခေါ်ယူရန် အသင်းဟောင်း ဘာစီလိုနာ၊ MLS ကလပ်မိုင်ယာမီ နန့် ဆော်ဒီကလပ်ရို့က စိတ်အားထက်သန်နီကတ်ကြောင်းသိရသည်။
Ballon d’Or (၇) ကြိမ်ဆုသျှင် မက်ဆီသည် လက်ဟိတွင်ကလပ်၏ခွင့်ပြုချက်မယူဘဲ ဆော်ဒီအာရေးဗီးယားသို့ လားရောက်နီပြီး PSG အသင်းဖက်ကလေ့ မက်ဆီကို အသင်းလူစာရင်းမှ ၂ ပတ်တိတိထုတ်ပယ်ထားသည်။
Source- Messi to leave PSG at the end of the season
Photo-AP