APM ၊ မေ ၄ / ၂၀၂၃
မန်စီးတီးတိုင်စစ်မှူးဟာလန်းသည် ဒေနိ(မေ ၄ ရက်နိ) ယှဥ်ပြိုင်သည့် ဝက်စ်ဟမ်းနန့်ပွဲစဉ်တွင် သွင်းဂိုး ၁ ဂိုး သွင်းယူခပြီး နောက် ဒေရာသီပရီးမီးယားလိဂ်သွင်းဂိုး ၃၅ ဂိုးအထိဟိလာကာ အန်ဒီကိုးလ်နန့် အလန်းရှီးယားရို့တင်ထားသည့် တရာသီ အတွင်း စံချိန်တင်ပရီးမီးယားလိဂ်သွင်းဂိုး ၃၄ ဂိုးကိုကျော်ဖြတ်၍ မှတ်တမ်းသစ်ရွီးထိုးနိုင်ခကြောင်းသိရသည်။
ဝက်စ်ဟမ်းအိမ်ကွင်း၌ ယှဥ်ပြိုင်သည့် အဆိုပါပွဲစဥ်တွင် နာသန်အကီ၊ ဟာလန်း၊ ဖိုဒန်ရို့က တယောက်တဂိုးစီသွင်းယူခပြီး မန်စီးတီးက ၃ ဂိုးပြတ်နန့်အနိုင်ရခကာ အာဆင်နယ်အသင်းထက် တပွဲလျော့၊ တမှတ်အသာနန့် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားသည်။
ဟာလန်းသည် ၎င်း၏ ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာပင် ပြိုင်ပွဲစုံသွင်းဂိုး ၅၁ ဂိုးဟိလာပြီး ဇီဒန်း တင်ဟိထားသည့် All-Time English စံချိန်ကိုလိုက်မိရန် ၁၂ ဂိုးရာ လိုအပ်နီကာ ပရီးမီးယားလိဂ် ၅ ပွဲ၊ FA-ဖလားဗိုလ်လုပွဲနန့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့ကျန်ဟိနီသိမ့်သည်။
မန်စီးတီးအသင်းသည် မေ ၆ ရက်နိညည့်တွင် ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် လိဒ်စ်အသင်းနန့်ကဇတ်ရမည်ဖြစ်ပြီး၊ မေ ၁၀ ရက်နိတွင်တော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဥ်အဖြစ် ရီးရဲမက်ဒရက်စ်အသင်းနန့်ရင်ဆိုင်ရမည်ဖြစ်သည်။
Source- Haaland barely surpassed Andy Cole and Alan Shearer’s Premier League goalscoring record.
Photo-CNN