
APM ၊ မေ ၄ / ၂၀၂၃
နီရပ်စွန့်ခွာ မူဆလင်များကို ပြန်လက်ခံရီး စစ်ကောင်စီ၏ စီစဉ်ဆောင်ရွက်မှုများအား လေ့လာရန် နက်ဖြန်(မေ ၅ ရက်နိ)၌ ဘင်္ဂလားဒေ့ချ်က နီရပ်စွန့်ခွာမူဆလင် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ရက္ခိုင်သို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ ခိုလှုံနီကတ်သည့် ဟိန္ဒူဘာသာဝင်များအပါအဝင် မူဆလင်ဒုက္ခသည် အယောက် တထောင်ကို နီရပ် ပြန်လက်ခံမည်ဟု စစ်ကောင်စီက ပြီးခသည့်လပိုင်းကပြောဆိုထားခြင်းဖြစ်သည်။
ယင်း စစ်ကောင်စီ၏ မူဆလင်များလက်ခံရီး အစီအစဉ်များ၌ အတင်းအကြပ် ခြိမ်းခြောက်ခြင်းများ၊ လိမ်ညာလှည့်ဖျား ခြင်းများ ဟိနီကြောင်း စွပ်စွဲချက်များ တွက်ပေါ်လာပြီးနောက်မှာ ဘင်္ဂလားဒေ့ချ်က ကိုယ် စားလှယ်အဖွဲတဖွဲ့က ယင်းသို့ လာရောက်လေ့လာမည်ဟု ဘင်္ဂလားဒေ့ချ် အာဏာပိုင်များ က ပြောဆိုသည်။
ယေကေလေ့ လာရောက်မည် အစီ အစဉ်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမဟိသိမ့်ပါ။
ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ချိတ်တ်ဟာဆီနာကတော့ စစ်ကောင်စီသည် မူဆလင်များလက်ခံရီးနန့်ပတ်သက်၍ နိုင်ငံတကာ ၏ သဘောထားများကို အလေးအနက်ထားခြင်းမဟိဟု ပြော ဆိုထားသည်။
Photo – AFP
