APM ၊ မေ ၄ / ၂၀၂၃
စစ်တွေမြို့၊ မောလိပ်ထ(ခွဲ)ကျောင်း၌၊ Grade – 11 တွင် ပညာသင်ယူနီသော ကျောင်းသားတယောက်၏ နီအိမ်အတွင်းသို့ ALP အဖွဲ့ မှ ဦးခင်မောင်ဝင်း၊ ဦးပေါက်စ အပါအဝင် အပေါင်းအပါ ၇ ယောက်က ဝင်ရောက်ကာ လက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ခသည့်လုပ်ရပ်အား အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ က ဒေနိ(မေ ၄ ရက်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “၂၀၂၃ ခုနှစ်၊မာ့ချ် ၁၁ ရက်နိ၊မိုးထ ၁၀ နာရီခန့်အချိန်တွင်စစ်တွေမြို့၊ မောလိပ်ထ(ခွဲ) ကျောင်း၊Grade-11 ၌ ပညာသင်ယူနီသော ကျောင်းသားတဦး၏ နီအိမ်အား ALP အဖွဲ့ဝင် ၇ ဦးမှ သီနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ပြီး ၁၈ ရက် ကြာ ချုပ်နှောင်စီခြင်းလုပ်ရပ်သည် အားကိုးရာမဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဗိုလ်ကျအနိုင်ကျင့်သည့် အကြမ်း ဖက်ရို့၏ လုပ်ရပ်ဖြစ်သည်ဟု မိမိရို့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ မှတ်ယူ၍ အပြင်းအထန်ကန့်ကွက် ရှုံ့ချပါသည်” ဟု ဖော်ပြထားသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဆိုအရ ယင်း ALP အဖွဲ့ဝင်များမှာ ဗိုလ်အဆင့်ဟိ(ခန့်မှန်း) ပစ္စတိုကိုင်ဆောင်ထားသည့် ဦးခင်မောင်ဝင်း၊ သီနတ်အရှည်တလက် ကိုင်ဆောင်ထားသည့် ဦးပေါက်စ အပါအဝင် ၇ ယောက်ဟုသိရသည်။
အဆိုပါ ALP အဖွဲ့ဝင်များသည် Grade- 11 ကျောင်းသားကို စစ်တွေမြို့၊ နာဇီရွာဟိ ALP ရုံးတွင် အမှုရင်ဆိုင်ရန် အကြောင်း ပြချက်ဖြင့် အတင်းအဓမ္မလာရောက်ခေါ်ယူခြင်း၊ ရုံးချိန်းကြိုတင်ချိန်းဆိုခြင်းမဟိဘဲ လက်နက်အားကိုးနန့် အများပြည်သူ ရှိ တွင် ဖမ်းဆီးခေါ်ဆောင်သည့်အပြင် ယင်းကျောင်းသားအား အပြစ်တစုံတရာမကျူးလွန်ဘဲ ရာဇဝတ်အပြစ်သားကဲ့သို့ ခြီ ချင်းခတ်၊ ခြောက်ပေါက်ဖြင့် ၁၈ ရက်ကြာ အကျဉ်းကျစီခသည်ဟုလေ့ ထုတ်ပြန်ချက်ကဆိုသည်။
ယင်းအပြင် ALP အဖွဲ့ဝင်များက အဆိုပါကျောင်းသားကို အလုပ်ကြမ်းလုပ်ခိုင်းခြင်း၊ ချီးတွင်းတူးခိုင်းခြင်းစသည့် လူ့ဂုဏ် သိက္ခာ လူ့ကျင့်ဝတ်ကိုနားမလည်၊ တန်ဖိုးမထားတတ်ရုံတင်မက ALP အဖွဲ့အားဝင်ရောက်စီရန် မြူဆွယ်၊ စည်းရုံးခြင်း လုပ် ရပ်သည် အတင်းအဓမ္မ အချေစစ်သားစုဆောင်းခြင်းဖြစ်ကြောင်းလေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းသို့ အားကိုးရာမဲ့ အာရက္ခပြည်သူများအား လက်နက်အားကိုးဖြင့် အတင်းအဓမ္မအနိုင်ကျင့်သည့် ALP ၏ လုပ်ရပ်များ သည် အကြမ်းဖက်ဖက်ဆစ် လုပ်ရပ်ဖြစ်သည်ဟု မှတ်ယူကာ အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်းလေ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ၏ ဒေနိထုတ်ပြန်ချက်တွင်ဖော်ပြပါဟိပါသည်။