
APM ၊ ဧပြီ ၄ / ၂၀၂၄
လက်ဟိမာ ရက္ခိုင်ပြည်က ဘူးသီးတောင်၊ မောင်တော၊ မြေပုံ နန့် အမ်းမြို့နယ် ၄ ခုမာ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတိကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နီလို့ တိုက်ပွဲတိပြင်းထန်နီကြောင်း ရက္ခိုင့်တပ်တော် AA က ဧပြီ ၃ ရက်နိ ညည့်မာ ထုတ်ပြန်လိုက်ပါရေ။
ရက္ခိုင့်တပ်တော်စွာ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြီစိုက် စကခ(၁၅)လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်နိမာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခရာ ယင်းတပ်ရင်းဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့ ရက္ခိုင့်တပ်တော်က ပြောပါရေ။
အလားတူ မောင်တောမြို့နယ်ဟိ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်က တရက်မှမနားဘဲ ထိုးစစ်ဆင်တိုက်ခိုက်နီရေအတွက် နှစ်ဖက်တိုက်ပွဲတိ ပြင်းထန်နီရေလို့သိရပါရေ။
ယင်းအပြင် ရက္ခိုင့်တပ်တော်သိမ်းပိုက်ပြီးဖြစ်တေ မြေပုံမြို့နယ်မာ ကျန်နီရေ စညှင်းရွာအရှိဖက်မီတာ ၁၅၀၀ ခန့်အကွာဟိ အကြမ်းဖက် စစ်ကောင်စီ၏ ပွိုင့် (၂၅၇ )စခန်းကိုလည်း ဧပြီ ၂ ရက်နိ၊ မိုးထ ၆ နာရီ ၂၀ မိနစ်က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခရာ ဒေဂုအချိန်ထိလည်းမရပ်မနားဘဲ ဒုတိယနိထိုးစစ်ကိုဆက်လက်ဆင်နွှဲတိုက်ခိုက်နီရေလို့ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါရေ။
ယင်းနည်းတူ အမ်းမြို့နယ် အတွင်းဟိ စကခ(၅) လက်အောက်ခံ “တောဟိန်းတောင်ဗျူဟာ” အပါအဝင် အနားပတ်ဝန်းကျင်ဟိ စခန်းတိကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရာ၂၀၂၄ ခုနှစ်၊ မာ့ချ် ၃၁ ရက်နိ၊ ညဇာ ၃ နာရီ ၅ မိနစ်ကလည်း အမ်းမြို့နယ်၊ လုံးရွာအနောက်ဖက် (၁.၄) ကီလို မီတာအကွာဟိ တောင်ကြောမာ အကြမ်းဖက်စစ်ကောင်စီတပ် နန့် ရက္ခိုင့်တပ်တော်ရို့ တနာရီလောက်အကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ မျက်မြင်(၄)ယောက် သီဆုံးခရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
တိုက်ပွဲတိအတွင်းအကြမ်းဖက်စစ်ကောင်စီစွာလီကြောင်း ပစ်ကူတိကို အလွန်အကျွံအသုံးပြုပြီးကေ အသည်းအသန် ခုခံကာကွယ်နီရရေပိုင် ရက္ခိုင့်တပ်တော်ဖက်ကလည်း ထိုးစစ်ကို တဆင့်ချင်း တဆင့်ချင်း အယှိန်မြှင့်လျက်ဟိရေအတွက် တိုက်ပွဲတိ အလွန်ပြင်းထန်နီရေလို့ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထံမာ ထည့်သွင်းဖော်ပြထားပါရေ။
