
APM ၊ ဧပြီ ၄/၂၀၂၃
ကိုဆိုဗိုနိုင်ငံ သမ္မတဟောင်း Thaci နန့် ထိပ်တန်းအရာဟိ ၃ ယောက်ရို့ကို စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှု ၁၀ မှုဖြင့် နယ်သာလန်နိုင်ငံThe Hague မြို့ဟိအထူးတရား ရုံးတခု၌ ဧပြီ ၃ ရက်နိ က ကြားနာမှုစတင် ခကြောင်း သိရသည်။
ယင်းကြားနာမှုတွင် Thaci နန့် အခြား ၃ ယောက်ကအပြစ်မဟိကြောင်း တရားရုံး၌ ထွက်ဆိုခပြီး တချိန်တည်းမှာ Thaci ကို ထောက်ခံသည့် ထောင်ချီသော ပြည်သူများက လမ်းပေါ်ထွက် ဆန္ဒပြမှုခကတ်သည်ဟု ရိုက်တာသတင်း တွင်ဖော်ပြသည်။
Thaci ၏ ကိုဆိုဗိုလွှတ်မြောက်ရီးတပ် သည် ၁၉၉၈ ခုနှစ်မှ ၁၉၉၉ စပ်တမ်ဘာလအထိ ကိုဆိုဗို နန့် အယ်လ်ဘားနီးယား မြောက်ပိုင်းတလျှောက် လူသတ်မှု၊ညှဉ်း ပန်းနှိပ်စက်မှု နန့် ဖိနှိပ်မှုများကြောင့် လူပေါင်း ၁၀,၀၀၀ကျော် သီဆုံးခသည်ဟု ကိုဆိုဗိုအစိုးရအဖွဲ့က စွပ်စွဲကာတရား စွဲဆိုထားခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် ကိုဆိုဗိုလွတ်လပ်ရီးကြေညာချိန်တွင် မစ္စတာ Thaci သည် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခပြီး နောက် ပိုင်းတွင် သမ္မတဖြစ်လာခသည်။
ယင်းနောက် ၂၀၂၀ခုနှစ်တွင် ကိုဆိုဗိုအစိုးရ က မစ္စတာ Thaci သည် ကိုဆိုဗိုနန့် အယ်လ်ဘားနီးယားတလျှောက် စစ်ရာဇ ဝတ်မှုနန့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ၁၀မှုကို ကျူးလွန်ခသည်ဟုဆိုကာ တရားစွဲသဖြင့် Thaci ရာထူး မှနုတ်ထွက်ခရကြောင်း သိရသည်။
Source – Kosovo ex-president Hashim Thaci pleads not guilty to war crimes
Photo – Reuters
