APM ၊ ဧပြီ ၄ / ၂၀၂၃
ရက္ခိုင်ပြည်ဖွား ကမ္ဘာ့အဆင့်မီ ဂီတပညာသျှင်တဦးဖြစ်သည့် ဆရာကြီး ဦးစောနုသည် ဒေနိ(ဧပြီ ၄ ရက်နိ) ညည့် ၇ နာရီခွဲ ခန့်က ကွယ်လွန်းလားကြောင်း သိရသည်။
ဆရာကြီးသည် အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ဟိ မေဒါဝီဆီးရုံတွင် ဆီးကု သမှုခံယူနီစဉ် ကွယ်လွန်လားခြင်း ဖြစ်သည်။
ဆရာကြီးကွန်လွယ်ချိန်၌ အသက် ၇၆ နှစ်ဟိပြီးဖြစ်သည်။
ဆရာကြီး ဦးစောနုသည် ရက္ခိုင့်နာမည်ကြီးအဆိုတော်များဖြစ်သည့် ဝင်းကိုခိုင်၊ မြတ်ခိုင်ကျော်၊ ညီမင်းခိုင် ရို့အပါအဝင် ရက္ခိုင်၊ မြန်မာ ဂီတအနုပညာသျှင်များစွာကို မွီးထုတ်သင်ကြားပီးခသည်။
ဆရာကြီးကို ၁၉၄၆ ခုနှစ်၊ စပ်တမ်ဘာ ၁၇ ရက်နိတွင် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊ ပြိန်းချောင်းရွာမှာမွီးဖွားခပြီး မွီးချင်း ၅ ယောက်အနက် အထွီး ဆုံးဖြစ်သည်။
ဆရာကြီးသည် ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့ ပန်တျာအနု ပညာကျောင်း၌ ဝင်ခွင့်စာမိန်းပွဲဖြေဆိုအောင်မြင်ခပြီး ၁၉၆၅ ခုနှစ် တွင် ရုသျှနိုင်ငံသို့ လားရောက်၍ ၆ နှစ်ကြာဂီတပညာကိုသင်ယူခပြီးနောက် Bachelor Of Music ဘွဲ့ ကိုရဟိခကြောင်း သိရသည်။