APM ၊ ဧပြီ ၄ / ၂၀၂၃
Arakan Art Gallery တည်ထောင်သည့် (၁) နှစ်ပြည့် ပန်းချီပြပွဲမှ ပထမဆုံးအကြိမ် ပန်းချီကား များလီလံတင် ရောင်းချပွဲ အခမ်းအနားမှ ရဟိသည့် ငွေများကို ရက္ခိုင်တွင် လူမှုကူညီကယ်ဆယ်ရီးလုပ်နီသည့် အဖွဲ့အစည်းများထံ လှူဒါန်းလားမည် ဟု သိရသည်။
အဆိုပါ အခမ်းအနားက်ု ဧပြီ ၂ ရက်နိဧပြီ ၂ရက်နိ မွန်းလွှဲ ၁ နာရီမှ ညဇာ ၄ နာရီအချိန်ထိ စစ်တွေမြို့၊ မောလိပ်ရပ်ကွက် ဦးအောင်ထွန်းဦးလမ်းဟိ Arakan Art Gallery ပန်းချီပြခန်း၌ ကျင်းပ ပြုလုပ်ခသည်။
အခမ်းအနားတွင် ပန်းချီဆရာ၊ဆရာမ ၂၄ ဦး၏ ပန်းချီကားပေါင်း ၁၀၀ ကျော်ကို ပြသခပြီးယင်းအထဲမှ ငွေကျပ် သိန်း ၆၀ တန်ဖိုးဟိ ပန်းချီကား ၁၅ ကားကို ရောင်းချခရကာ ၎င်းငွေကျပ် သိန်း ၆၀ ကို ရက္ခိုင်တွင် လူမှုကူညီကယ်ဆယ်ရီး လုပ် ဆောင်နီကတ်သည့် အဖွဲ့အစည်းများအား လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ရောင်းချခသည့် ပန်းချီကား ၁၅ ကားတွင် မြောက်ဦးမြို့လက်ဆည်ကန်၊ စစ်တွေမြို့မဈီးဟောင်း၊ စစ်တွေ ရှုခင်းသာလမ်း၊ စစ်တွေ ရွှီစေတီဘုန်းတော်ကြီးကျောင်း အစဟိသော ပန်းချီကားများ ပါဝင်သည်ဟု ဆိုသည်။
ပန်းချီပြပွဲနန့်လီလံတင်ပွဲသို့ ပြည်တွင်းပြည်ပမှ ပန်းချီဆရာ၊ဆရာမများနန့် ပန်းချီဝါသနာသျှင်များအပါအဝင် လူဦးရေ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်အားပီးခကတ်သည်။
Arakan Art Gallery ပန်းချီပြခန်းကို ကိုခိုင်သူရိန် နန့် ကိုစိုးသန်း ရို့ ဝမ်းကွဲညီအစ်ကို နှစ်ယောက်က ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နိတွင် တည်ထောင်ခခြင်းဖြစ်ကြောင်း သိဟိရသည်။
Photo – Arakan Art Gallery