
APM ၊ ဧပြီ ၄ / ၂၀၂၃
ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြီနန့် နခန်ပထွန်ခရိုင် အုန်းနွဲ့အုန်းယိုင်နယ်မြီထဲက အလုပ်ရုံနှစ်ခုမှ မြန်မာရွှိပြောင်းလုပ်သား ၁၅၀၀ ကျော်ကို ဒေရက်ပိုင်းအတွင်း အလုပ်ထုတ်ပစ်လိုက်ရကြောင်း သိရသည်။
ယင်း မြန်မာရွှိပြောင်းလုပ်သား ၁၅၀၀ ကျော် အလုပ်ထုတ်ခံရသည် ကိစ္စနန့်ပတ်သက်၍ အလုပ်သမားအရေး ကူညီဆောင် ရွက်ပီးနီသည့် MHAC အဖွဲ့က “ထိုင်းသို့ မြန်မာရွှိပြောင်းလုပ်သားစနစ်ဖြင့် ပို့ဆောင်ပီးနီသည့် မြန်မာ အေဂျင်စီများ တာဝန်ယူရမည်” ဟု ဆိုသည်။
ယင်းအပြင် လက်ဟိတွင် ထိုင်းနိုင်ငံအတွင်း မြန်မာရွှိပြောင်းလုပ်သားအများအပြားမှာ အလုပ်လက်မဲ့ဖြစ်နီ၍ စနစ်ကျမှု မဟိသည့် MOU စနစ်နန့် ထိုင်းသို့ (လုံးဝ) မလာကတ်ဖို့ MHAC က တိုက်တွန်းထားသည်။
အလုပ်ထုတ်ခံထားရသည့် မြန်မာရွှိပြောင်းလုပ်သားများမှာပြီးခသည့် ၂၀၂၂ခုနှစ်က မြန်မာအေဂျင်စီများမှ နှစ်နိုင်ငံ သဘောတူစာချုပ် MOU စနစ်နန့် ထိုင်းသို့ ပို့ဆောင်ခခြင်းဖြစ်ကြောင်းသိရသည်။
Photo – Global New Light Of Myanmar
