
APM ၊ ဧပြီ ၄ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ဒါကာမြို့တွင် ဒေနိ(ဧပြီ ၄ရက်နိ)မိုးထပိုင်း ၆နာရီကျော်က ဆိုင်ခန်းပေါင်း ၃ ထောင်ကျော် ဟိသည့် ဘွန်ဂို အထည်ဈီးကြီး မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားပြီး ဈီးတခုလုံးမီးလောင်ပျက်စီးလားကြောင်း သိရသည်။
မီးလောင်မှုအတွင်း ဘွန်ဂိုအထည်ဈီးအပြင် ဈီးနန့်ကပ်လျက်ဟိသည့် စီးပွားရီးဇုန် ၃ ခုနီးပါး မီးလောင်ပျက်စီးလားကြောင်း ဆိုင်ပိုင်သျှင်များနန့် မီးသတ်အရာဟိများက ပြောသည်။
မီးလောင်မှုကြောင့် ထိခိုက်သီဆုံးသူဟိ/မဟိ မသိရသိမ့်ကေလေ့ မီးသတ်သမား ၅ယောက်အပါအဝင် အနည်းဆုံး လူ ၁၁ ယောက် ဒဏ်ရာရဟိလားခသည်ဟု ဆိုသည်။
မီးလောင်မှုကို မီးသတ်သမား ၆၀၀ ခန့်က ၆နာရီကြာ မီးသတ်ခပြီးနောက် မီးကိုထိန်းနိုင်ခကြောင်း မီးသတ်ဌာန ပြောခွင့်ရ ရာကီဘူ အစ္စလာမ်ကလေ့ AFP သို့ ပြောဆိုထားသည်။
အဆိုပါ ဘွန်ဂိုစျီးကြီးသည် အနောက်တိုင်းဖက်သျှင်အမှတ်တံဆိပ်များအတွက် လူကြိုက်များသည့် ဈီးတခုဖြစ်ပြီး မြို့တော် ၏ အထည်ချုပ်စက်ရုံများတွင် ထုတ်လုပ်သော ပို့ကုန်စံချိန်စံညွှန်းမပြည့်မီသည့် အ၀တ်အထည်များကို ရောင်းချသည့်နီရာ ဖြစ်ကြောင်း သိဟိရသည်။
Source – Bangladesh fire: hundreds of firefighters tackle blaze in huge Dhaka clothing market
Photo – AP
