APM ၊ ဧပြီ ၄ / ၂၀၂၃
ပြီးခသည့် ဂျန်နဝါရီလ သြစတြေးလျအိုးပင်းတွင်ဒဏ်ရာရဟိခသည့် ကမ္ဘာ့နံပတ် ၁၄ တင်းနစ်ကဇတ်သမား ရာဖေးလ်နာ ဒယ်သည် ၎င်းအနီနန့် ဒဏ်ရာသက်သာမလာ၍ လာမည့်အပတ်တွင် စတင်မည့် Monte Carlo Masters ပြိုင်ပွဲမှ နုတ်ထွက် လိုက်ရကြောင်း ဧပြီ ၄ ရက်နိကပြောကြားလိုက်သည်။
နာဒယ်က “ ကျနော်ဒဏ်ရာက သက်သာမှုမဟိရေအတွက် ယှဉ်ပြိုင်ဖို့ အဆင်သင့်မဖြစ်သိမ့်ပါ။ Monte Carlo ပြိုင်ပွဲက ကျနော်ကဇတ်သမားဘဝမှာ အရေးပါရေ ပွဲတပွဲဖြစ်ပါရေ။ ကံမကောင်းစွာနန့် နောက်တကြိမ်လေ့ ကျနော်လွဲချော်ရပါဖို့ သိမ့် ” ဟု ဆိုသည်။
အသက် ၃၆ နှစ်အရွယ် စပိန်နိုင်ငံသား နာဒယ်သည် သူ့ကစားသမားဘဝတလျှောက် Monte Carlo (၁၁) ကြိမ်အနိုင်ရဟိ ထားပြီး မြီစေးကွင်းပြိုင်ပွဲတွင် (၁၄) ကြိမ်အနိုင်ရဟိထားကြောင်းသိရသည်။
Source – Rafael Nadal pulls out of Monte Carlo Masters to postpone comeback as injury concerns grow
Photo – Getty Images