
APM ၊ ဧပြီ ၄ / ၂၀၂၃
ဒေဂုအချိန်ထိ လီဗာပူးနည်းပြအဖြစ်ဆက်ဟိနီခြင်းမှာ လက်ဟိလုပ်ဆောင်ချက်များထက် အယင်အတိတ်က အောင်မြင်မှုများကြောင့်ရာ ဖြစ်သည်ဟု လီဗာပူးနည်းပြ ကလော့ပ်က ထုတ်ဖော် ပြောဆိုလိုက်သည်။
ဒေရက်ပိုင်းအတွင်း လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ နန့် ချဲယ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာရို့အပါအဝင် အေဂုရာသီပရီးမီးယားလိဂ် နည်းပြထုတ်ပယ်မှု စံချိန်တင် ၁၂ ဦးအထိ ဟိလာချိန်၊လီဗာပူးအနီနန့်လေ့ ဒေဂုရာသီ ရလဒ်မကောင်းသည့်အခြေအနေဆိုးများနန့်ရင် ဆိုင်နီရချိန်မှာ ကလော့ပ်က အဂုပိုင် ထုတ်ပြောလာခြင်းဖြစ်သည်။
ကလောပ့်က “လီဗာပူးအသင်းနည်းပြအဖြစ် ဆက်ဟိနီစွာက ဒေဂုရာသီ လုပ်ဆောင်ချက်တိကြောင့်မဟုတ်ပါ။ အတိတ်က အောင်မြင်မှုတိကြောင့်ရာ ကျနော် ဒေနီရာမှာ ထိုင်နီနိုင်စွာဖြစ်ပါရေ။ စမတ်ကျရေ ပိုင်သျှင်တိ ကျနော် ရို့မှာဟိပါရေ။ သူရို့တိက ကျနော်အခြေအနေကိုသိကတ်ပါရေ။ ယေဇု ကျနော်အတွက်က ကြောက်စရာ မလိုပါ” ဟု ဆိုသည်။
အသက် ၅၅ နှစ်အရွယ် ကလောပ့်သည် လီဗာပူးကို ကိုင်တွယ်ခသည့် ၇ နှစ်ခွဲကာလအတွင်း ပရီးမီးယားလိဂ်၊ ချန် ပီယံလိဂ်အပါအဝင် အဓိကဆုဖလားအားလုံးကို ရယူပီးနိုင်ခသူဖြစ်သည်။
သို့သော် လီဗာပူးသည် လက်ဟိနောက်ဆုံးကဇတ်ခသည့် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်ယှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ် အမှတ်ပီးဇယား အဆင့် ၈ နီရာမှာရာ ရပ်တည်နီရဆဲ ဖြစ်သည်။
Source – Jürgen Klopp admits past success is why he survives at Liverpool
Photo – Goal.com
