APM ၊ ဧပြီ ၄ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ နှစ်ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ ၃ ယောက်အမှုကို ဒေနိ (ဧပြီ ၄ ရက်)နိတွင် မြောက်ဦးမြို့ တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ ရုံးချိန်းထပ်ရွှိ လိုက်ရကြောင်း သိရသည်။
ယင်းမြောက်ဦးဒေသခံ ၃ ယောက်မှာ မြောက်ဦးမြို့ ၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ဦးကျော် ဝင်းလှိုင်၊ တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် မြောက်ဦးမြို့ တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီမရောက်၍ မစစ်ဆီးနိုင်ခဘဲ လာမည့် ဧပြီ ၁၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
သူရို့ ၃ ယောက်အမှုတွင် ၅၀၅(က) အတွက် လိုပြသက်သီများအားလုံးကို စစ်ဆီးပြီးဖြစ်ကာ ၁၇(၁)အမှုတွင် လိုပြသက်သီ ၄ ယောက် စစ်ဆီးရန်ကျန်နီသိမ့်ပြီး ယင်းလိုပြသက်သီများကအကြောင်းအမျိုးမျိုးပြလျက် ရုံချိန်းပျက်ကွက်နီ၍ အမှုကြန့် ကြာနီရသည်။
မြန်မာစစ်တပ်သည် ကုန့်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် ဦးကိုကိုညွန့်၊ ဦးကျော်ဝင်းလှိုင်နန့် ဦးပြည့်စုံဝင်း ရို့ကို ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ စရဖတပ်ဖွဲ့မှ ဗိုလ်ကြီးကျော်ကျော်မင်း တရားလို လုပ်၍မြောက်ဦးမြို့ တရားရုံး၌ ပုဒ်မ ၂ ခုနန့် တရားစွဲထားခြင်း ဖြစ်သည်။
လက်ဟိတွင် သူရို့ ၃ ယောက်ကို မြောက်ဦး မြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။