
APM ၊ မာ့ချ် ၄ / ၂၀၂၄
နိုင်ငံတကာနန့် ပြည်တွင်းလူမှုကူညီကယ်ဆယ်ရီးအဖွဲ့တိအနီနန့် ရက္ခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ချက်တိကို ထိရောက်အောင် အာရုံစိုက်လုပ်ဆောင်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AAက တိုက်တွန်းတောင်းဆိုလိုက်ပါရေ။
မာ့ချ် ၄ ရက်နိပြုလုပ်တေ ULA/AA ဦးဆောင်ရေ အာရက္ခပြည်သူ့အစိုးရ၏ (၈) ကြိမ်မြောက်သတင်းစာယှင်းလင်းပွဲ အဖွင့်မိန့်ခွန်းမာ ULA/AA ပြန်ကြားရီး တာဝန်ခံ ဦးခိုင်သုခက ယင်းပိုင် တိုက်တွန်းတောင်းဆိုခစွာဖြစ်ပါရေ။
“ကျနော်ရို့ ULAအနီနန့်လည်း နိုင်ငံတကာနန့် ပြည်တွင်းလူမှုကူညီရီးအဖွဲ့တိကို လွန်ခရေဖေဖော်ဝါရီ ၁၃ ရက်နိ ULAက ဖွဲ့စည်းထားရေ လူသားချင်းစာနာမှုနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ညှိနှိုင်းရီးရုံး(HDCO)နန့် ချိတ်ဆတ်ပြီးကေ၊ ရက္ခိုင်ပြည်မာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ဆောင်ချက်တိကို ထိရောက်အောင် အာရုံစိုက်လုပ်ဆောင်ကတ်ဖို့ တိုက်တွန်းတောင်းဆိုအပ်ပါရေ” လို့ ဦးခိုင်သုခက ဆိုပါရေ။
ရက္ခိုင်ပြည်တွင်း တိုက်ပွဲတိများလာစွာနန့်အမျှ စစ်ကောင်စီတပ်၏ အကြမ်းဖက်ဦးတည်တိုက်ခိုက်မှုရန်ကနီ ယှောင်ယှားနိုင်ဖို့အတွက် အာရက္ခပြည်သူအများစုမာ နီးစပ်ရာကို ထွက်ဗြီးလာကတ်ရကြောင်း၊ စစ်ဖီးယှောင်အများစုမာလည်း ဘုန်းကြီးကျောင်း၊ ဆွီမျိုးအိမ်၊ စာသင်ကျောင်း အစဟိရေနီရာတိမာရာ ယာယီခိုလှုံနီကတ်ရကြောင်း သူက ဆက်ပြောပါရေ။
တဖက်မာ စစ်ကောင်စီက ကမ္ဘာကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာနန့် ပြည်တွင်းအဖွဲ့အစည်းတိ၏ လူသားချင်းစာနာမှုဆိုင်ရာ ကူညီဆောင်ရွက်မှုတိကို ကန့်သတ်ပိတ်ပင်ထားရေအတွက် ဒုက္ခသည်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းလောက်စွာ လုံလောက်တေ ကူညီထောက်ပံ့မှုမရဖြစ်နီကြောင်း၊ အဓိကအားဖြင့် အစားအသောက်နန့် အာဟာရပစ္စည်းတိ၊ ဆီးဝါးနန့် ကျန်းမာရီးဆိုင်ရာ ပစ္စည်းကိရိယာတိ၊ ယာယီခိုလှုံရီး အဆောက်အအုံ၊ အိမ်တိကို ပြန်ဆောက်ဖို့ ပစ္စည်းတိ၊ အသက်မွီးဝမ်းကြောင်း အကူအညီအထောက်အပံ့တိနန့် ပြည်သူတိကို ပြန်ပနာနီရာချထားရီးအတွက် မိုင်းယှင်းလင်းရီးပစ္စည်းတိ အရေးပေါ်လိုအပ်နီရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီတပ်ရို့ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့ လက်ဟိအချိန်ထိ မိမိရပ်ရွာတိကို စွန့်ခွာလာကတ်ရရေ အာရက္ခပြည်သူစုစုပေါင်း ၃ သိန်းကျော်ဟိပြီး၊ အများစုမာ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနန့် မင်းပြားမြိုနယ်ရို့ကဖြစ်ကြောင်း HDCO ၏ ထုတ်ပြန်ချက်အရ သိဟိရပါရေ။
