APM ၊ မာ့ချ် ၄ / ၂၀၂၄
စစ်ကောင်စီ၏ လူအခွင့်အရေး ချိုးဖောက်မှုတိ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတိနန့် ပတ်သက်လို့ ကုလသမ္မဂ အပါအဝင် နိုင်ငံတကာ အစိုးရတိ၊ နိုင်ငံတကာ အဖွဲ့အစည်းတိအနီနန့် ဒေဂုထက်ပိုလို့ ဖိအားပီး၊ အရေးယူဖို့ လိုအပ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ပြောကြားလိုက်ပါရေ။
မာ့ချ် ၄ ရက်နိပြုလုပ်တေ ULA/AA ဦးဆောင်ရေ အာရက္ခပြည်သူ့အစိုးရ၏ (၈) ကြိမ်မြောက်သတင်းစာယှင်းလင်းပွဲအဖွင့်မိန့်ခွန်းမာ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယင်းပိုင် ပြောကြားခစွာဖြစ်ပါရေ။
“စစ်ကောင်စီ၏ ကြီးမားကျယ်ပြန့်ရေ လူ့အခွင့်အရေးချိုးဖောက်မှုတိ၊ ဆိုးဝါးပြင်းထန်ရေ စစ်ရာဇဝတ် ကျူးလွန်မှုတိနန့်ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတိနန့် နိုင်ငံတကာ အဖွဲ့အစည်းတိအနီနန့် အဂုထက်ပိုပြီးကေ ဖိအားပီး၊ အရေးယူဖို့ လိုအပ်ကြောင်းပြောချင်ပါရေ” လို့ ဦးခိုင်သုခက ဆိုပါရေ။
အခြားတဖက်မာ အိမ်နားချင်းနိုင်ငံတိနန့် ဒေသတွင်းနိုင်ငံတိအနီနန့်လည်း အကြမ်းဖက်စစ်ကောင်စီကျဆုံးမှုကိုလက်ခံပြီး မြန်မာပြည်၏အနာဂတ်ကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပနာ တော်လှန်ရီးအင်အားစုတိအပေါ် ဂုဏ်သိက္ခာဟိဟိ အဂုထက်ပိုလို့ နီးကပ်စွာချဉ်းကပ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း သူက ပြောကြားခပါသိမ့်ရေ။