
APM ၊ မာ့ချ် ၄ /၂၀၂၄
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တက်တော် ULA/AA ထိန်းချုပ်နယ်မြီတိမာ တရားစီရင်ရီးလုပ်ငန်းတိ ပုံမှန်လည်ပတ်နီကြောင်း မာ့ချ် ၄ ရက်နိပြုလုက်တေ အာရက္ခပြည်သူ့အစိုးရ၏ အဋ္ဌမ အကြိမ်မြောက် သတင်းစာယှင်းလင်းပွဲမာ ULA/AA ပြန်ကြားရီး တာဝန်ခံ ဦးခိုင်သုခက ထည့်သွင်းပြောကြားလိုက်ပါရေ။
“လက်ဟိရက္ခိုင်ပြည်မာ တိုက်ပွဲတိပြင်းထန်နီရေဆိုကေလေ့ ကျနော်ရို့ ULA/AA ထိန်းချုပ်ထားရေနယ်မြီတိအတ္ငင်း တရားစီရင်ရီးလုပ်ငန်းတိ ပုံမှန်လည်ပတ်လို့ဟိနီပါရေ” လို့ ဦးခိုင်သုခက ဆိုပါရေ။
ယင်းပြင် စစ်ဆင်ရီးကြောင့် တရားစီရင်ရီးမလုပ်ဆောင် နိုင်ရေနယ်မြီတိမာလည်း တရားရီးတည်ဆောက်မှုလုပ် ငန်းတိကို ဆောင်ရွက်လို့ဟိနီပါရေလို့ သူက ပြောပါရေ။
“တဖက်မာလည်း ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရေအတွက် အကျင့်စာရိတ္တတိ ပျက်ပြားပြီးကေ အများပြည်သူ ဒုက္ခရောက်နီချိန်မာ တကိုယ်စာကောင်းစားရီး ခိုး၊ ဆိုး၊ လုယက်တိကိုလည်း ကျနော်ရို့ ULA/AA အနီနန့် ဖမ်းဆီးအရေးယူထားစွာတိဟိပါရေ။ယင်းလူတိကိုလည်းစစ်ဆီး၊ ဖော်ထုတ် အပြစ်ပီးအရေးယူလားဖို့ ဟိပါရေ” လို့ ဦးခိုင်သုခက ပြောကြားခပါသိမ့်ရေ။
ယင်းအပြင် တိုက်ပွဲတိအတွင်းမာ ဖမ်းဆီးရမိထားရေ စစ်သုံ့ပန်းတိအထဲက စစ်ရာဇဝတ်မှုတိကျူးလွန်ထားရေ စစ်သုံ့ပန်းတချို့ကိုလည်း စစ်ဆီး၊ဖော်ထုတ်ပြီးကေ၊ ထိထိရောက်ရောက်အရေးယူအပြစ်ပီးလားဖို့ စီစဉ်ဆောင်ရွက်နီရေလို့လည်း မာ့ချ် ၄ ရက်နိပြုလုပ်တေ အာရက္ခပြည်သူ့အစိုးရ၏ အဋ္ဌမ အကြိမ်မြောက်သတင်းစာယှင်းလင်းပွဲ အဖွင့်မိန့်ခွန်းမာ ဦးခိုင်သုခက ယှင်းလင်းပြောကြားလားပါရေ။
