အခြီခံပညာအထက်တန်း(၁၂ တန်း)စာမိန်းပွဲကို အာရက္ခအမျိုးသားပညာရီးအစီအစဉ်နန့် ကျင်းပလားဖို့လို့ ULA/AA ဆို
APM ၊ မာ့ချ် ၄ /၂၀၂၄
ရက္ခိုင်ပြည် ပညာရီးကဏ္ဍအတွက် သင်ရိုးညွှန်းတမ်းတိကို သီးသန့် ရွီးဆွဲပြဋ္ဌာန်းဖို့ ဆောင်ရွက်နီကြောင်း မာ့ချ် ၄ ရက်နိ ပြုလုပ်တေ အာရက္ခပြည်သူ့အစိုးရ၏ (၈)ကြိမ်မြောက်သတင်းစာယှင်းလင်းပွဲအဖွင့်မိန့်ခွန်းမာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယှင်းလင်းပြောကြားလိုက်ပါရေ။
“အာရက္ခအမျိုးသားပညာရီးအနီနန့် တန်းတူညီမျှပြီးကေ ခေတ်မီရေ၊ တိုင်းပြည်၏ လိုအပ်ချက်တိနန့် အံဝင်ဂွင်ကျဖြစ်တေ ပညာရီးတရပ်ကို ဖော်ဆောင်နိုင်ဖို့ ရီတိုပညာရီးစီမံချက်နန့် ရီရှည်အတွက်ပညာရီးပေါ်လစီအပြင် သင်ရိုးအညွန်းဘောင်၊ အရည်အသွီးအညွန်းဘောင်ရို့ကိုရွီးဆွဲနိုင်ဖို့ သုတေသနပြုဆောင်ရွက်နီပါရေ။ မိဖ၊ဆရာတိနန့်တွိပြီးကေ လိုအပ်တေ ပညာရီးဆိုင်ရာ၊ ကျောင်းသားရီးရာအချက်အလက်တိကို ကောက်ယူလားပါဖို့” လို့ ဦးခိုင်သုခက ဆိုပါရေ။
ယင်းအပြင် အရေးပေါ်အနီနန့် ပညာရီးနှောင့်နှေးမှုမဟိရအောင် ၁၂တန်းစာမိန်းပွဲကိုအာရက္ခအမျိုးသားပညာရီး အစီအစဉ်နန့်ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်နီကြောင်းနန့် အခြီခံပညာပြီးမြောက်တေ ကျောင်းသား၊ ကျောင်း သူတိအတွက်လည်းအဆင့်မြင့်ပညာရီးတရပ်ဖော်ဆောင် ဖို့ ပြင်ဆင်နီကြောင်း သူက ပြောပါရေ။
အလားတူ အာရက္ခ အနာဂတ် တိုင်းပြည်တည်ဆောက်ရီးလုပ်ငန်းတိလုပ်နိုင်ဖို့ လိုအပ်တေ လူ့စွမ်းအားအရင်း အ မြစ်တိပြည့်ဝအောင် ပညာရီးက အခရာကျရေအတွက် တတ်သိပညာသျှင်၊ ကျောင်းသား၊ မိဖ၊ ဆရာရို့ က အာရက္ခပညာရီးကဏ္ဍမှာ ပူးပေါင်းပါဝင်ပီးကတ်ဖို့လည်း မာ့ချ် ၄ ရက်နိပြုလုပ်တေ အာရက္ခပြည်သူ့အစိုးရ၏ (၈)ကြိမ်မြောက်သတင်းစာယှင်းလင်းပွဲအဖွင့်မိန့်ခွန်းမာ ဦးခိုင်သုခက တိုက်တွန်းပြောကြားထားပါရေ။