APM ၊ မာ့ချ် ၄ / ၂၀၂၃
စစ်တွေမြို့ စက်ရုံစုရပ်ကွက်ဟိ ဆီတန်းတွင် ဒေနိ(မာ့ချ် ၄ ရက်နိ) မိုးထ ၁၁ နာရီခွဲက ဆီဂိုဒေါင်တလုံး မီးလောင်မှု ဖြစ်ပွားခပြီး ဒေသခံတဦးထိခိုက်ဒဏ်ရာရဟိလားကြောင်း သိရသည်။
စစ်တွေမြို့ စက်ရုံစုရပ်ကွက်ဟိ ဦးအေးကျော် ပိုင်ဆိုင်သည့် ဆီဂိုဒေါင်တလုံးတွင် ဒေနိမိုးထ ၁၁ နာရီခွဲခန့်၌ လျပ်စစ်မီး ဝါယာလျော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခခြင်းဖြစ်သည်။
ယင်းမီးလောင်မှုကြောင့် ဆီးဂိုဒေါင်ထဲမှ ဆီဗူးများ ပွင့်ထွက်ရာ၌ အနားဟိ ဒေသခံတဦးကိုထိမှန်ကာ ဒဏ်ရာရဟိ လားခသည်။
မီးလောင်မှုကိုတော့ စစ်တွေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှီရောင်မေတ္တာဖောင်ဒေးသျှင်း၊ မေတ္တာရောင်ခြည်ဖောင်ဒေးသျှင်း နန့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းငြိမ်းသတ်မှုကြောင့် ဒေနိနိခင်း ၁၂ နာရီခွဲခန့်တွင် မီးငြိမ်းလားသည်ဟု သိရသည်။
ကုန်ခသည့် မာ့ချ် ၃ ရက်နိကလေ့ ရသေ့တောင်မြို့ အရှိမြောက်ရပ်ကွက်တွင် မီးလောင်မှုတခုဖြစ်ပွားခပြီး နီအိမ် ၄ လုံး မီးလောင်ပြာကျလားခရသိမ့်သည်။
ယင်းအပြင် မာ့ချ် ၂ ရက်နိကလေ့ မြောက်ဦးမြို့နယ်၊ အောက်သားကန်ရွာတွင် မီးလောင်ကျွမ်းမှုတခုဖြစ်ခပြီး နီအိမ် ၁ လုံးမီးလောင်ပြာကျလားခသည်။
လက်ဟိတွင် နွီရာသီရောက်လာသည့်အတွက် ပြည်သူများအနီနန့် မီးဖီးအန္တရာယ်ကို အထူးသတိ ထားကတ်ရန်၊ မီးဖီး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရီးလုပ်ငန်းများကို အမျိုးသားရီးတာဝန်တရပ်အဖြစ်သဘောထားပြီး အတူတကွ ပူးပေါင်း လုပ်ဆောင်ကတ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က နှိုးဆော်တိုက် တွန်းထားသည်။