
APM ၊ မာ့ချ် ၄ / ၂၀၂၃
တပေါင်းလပြည့် သဲပုံစေတီပွဲ(ခေါ်) ရက္ခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲကို နက်ဖြန်(မာ့ချ် ၅ ရက်နိ)၌ စစ်တွေမြို့ တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သျှစ်သောင်းမြောက်ပွဲကို နက်ဖြန်နိခင်း ၁ နာရီမှာ စစ်တွေမြို့ဟိ ပွိုင့်ကမ်းခြီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလား မည်ဟု ပွဲဖြစ်မြောက်ရီးကောမတီတာဝန်ဟိသူများကပြောသည်။
ယင်းပွဲတော်၌ သျှစ်သောင်းပုထိုးတော်၊ အံတော်သိမ်၊ ထုက္ကန်သိမ်ပုထိုးတော်နန့် ဗုဒ္ဓမြတ်စွာဘုရားသျှင်၏ လျောင်း တော်မူ၊ ထိုင်တော်မူစသည့် သဲပန်းပုကိုယ်ပွားတော်များကို တည်ထားကာ ဆီမီး၊ တံခွန်၊ ကုက္ကားများနန့် ကပ်လှူ ပူဇော်လားမည်ဟုဆိုသည်။
ယင်း ဗုဒ္ဓရုပ်ပွားတော်များကို ဒီရီကျချိန်မှာ တည်ထားလားမည်ဖြစ်ပြီး ဒီရီတက်ချိန်၌ ယင်းရုပ်ပွားတော်များမှာ လိုင်းတိုက် စားမှုကြောင့် ပြိုပျက်ပျောက်ကွယ်လားမည်ဖြစ်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို ဗုဒ္ဓဘုရားသျှင် ကိုယ်တော်တိုင် မလွန်ဆန်နိုင်ကြောင်း နှလုံးသွင်းနိုင်ရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရက္ခိုင်ရိုးရာသျှစ်သောင်းမြောက်ပွဲကို နှစ်စဉ်နှစ်တိုင် တပေါင်းလပြည့်နိတွင် စစ်တွေကမ်းခြီ၌ကျင်းပလာခရာ ကုန်ခသည့်နှစ်များက ရက္ခိုင်ပြည်အတွင်း စစ်ရီး၊ နိုင်ငံရီးပဋိပက္ခများကြောင့် ပွဲမကျင်းပနိုင်ခဘဲ ၂၀၂၂ ခုနစ်မှစကာ ပြန်လည်ကျင်းပလာနိုင်ခြင်းဖြစ်ကြောင်း သိဟိရပါသည်။
Photo – Western News
