APM ၊ မာ့ချ် ၄ / ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံ မြို့တော်ဂျာကာတာဟိ စက်သုံးဆီသိုလှောင်ရုံတရုံတွင် မာ့ချ် ၃ ရက်နိက မီးလောင်မှု ဖြစ်ပွားခပြီး အနည်း ဆုံးလူ ၁၇ ယောက်သီဆုံးကာ ၅၀ ထက်မနည်းဒဏ်ရာရဟိလားကြောင်းသိရသည်။
အဆိုပါသိုလှောင်ရုံသည် မြောက်ဂျာကာတာ Tanah Merah ရပ်ကွက်ဟိ လူနီထူထပ်သည့် ဧရိယာတွင်တည်ဟိပြီး အင်ဒိုနီးသျှားနိုင်ငံ၏ လောင်စာလိုအပ်ချက် ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့ပီးနီသည့် အစိုးရပိုင်ရီနံနန့် သဘာဝဓါတ်ငွိ ကုမ္ပဏီ၏ လောင်စာသိုလှောင်ရုံဖြစ်သည်။
မီးလောင်မှုအတွင်း အချေနှစ်ယောက်အပါအဝင် လူ ၁၇ ယောက်ထက်မနည်းသီဆုံးခသည့်အပြင် လူ ၅၀ ခန့်ဒဏ် ရာရဟိထားပြီး တချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ဂျကာတာမီးသတ်နန့် ကယ်ဆယ်ရီးဌာန အကြီးအကဲကပြော သည်။
ယင်းအပြင် ဒေသခံ ၆၀၀ ခန့်ကိုလေ့ ဖီးလွတ်ရာသို့ရွှိပြောင်းကာ အစိုးရရုံးများနန့် အားကစားကွင်းတချို့တွင် ယာယီတဲများပီးထားရသည်ဟုဆိုသည်။
ဒဏ်ရာရ ဟိသူများပိုတော့ ဆီးကုသမှုအားလုံးအတွက် အစိုးရကတာဝန်ယူပီးဆောင်မည်ဟု ဂျကာတာ ယာယီ အုပ်ချုပ်ရီးမှူး ကပြောသည်။
အဆိုပါ မီးလောင်မှုကို မီးသတ်သမားအယောက် ၂၆၀ နန့် မီးသတ်ကား ၅၂ စီးအသုံးပြု၍ မီးငြိမ်းအောင် အပြင်းအထန်ကြိုးစားခရသည်ဟု မီးသတ်ရာဟိများကပြောသည်။
၂၀၀၉ ခုနှစ်နန့် ၂၀၁၄ ခုနှစ် မီးလောင်မှုပြီးနောက် ဒေဂု စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှုသည် အင်ဒိုနီးသျှား နိုင်ငံတွင် တတိယအကြီးဆုံးမီးလောင်မှုဖြစ်ကြောင်း သိရသည်။
Source – Fire at Indonesian oil depot kills 17; thousands evacuated
Photo – AP