APM ၊ ဖေဖော်ဝါရီ ၄ /၂၀၂၃
ရုသျှသံအမတ် ၄ ယောက်အား သံတမန်နန့် မကိုက်ညီသည့်လုပ်ရပ်များကိုလုပ်ဆောင်သည်ဟုဆိုကာ ဩစတြေးလျနိုင်ငံမှ ဖေဖော်ဝါရီလ ၈ ရက်နိကို နောက်ဆုံးထား၍ ထွက်လားရန် ဩစတြေးလျ နိုင်ငံခြားရီးဝန်ကြီးဌာနက ဖေဖော် ဝါရီ ၂ ရက်နိတွင် ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်၌ မော်စကိုမြို့ ကုလသမဂ္ဂအေဂျင်စီဆိုင်ရာ မစ်သျှင်တွင် အလုပ်လုပ်နီသည့် ရုသျှသံအမတ် ၂ ယောက်သည် ကုလသမဂ္ဂ နန့် ဩစတြေးလျ နိုင်ငံအကြားသဘောတူညီချက်များနန့်မကိုက်ညီသည့်နည်းလမ်းဖြင့် လုပ်ဆောင်ခသည်ဟု ဆိုသည်။
ယင်းအပြင် ဗီယင်နာအခြီစိုက်နောက်ထပ်ရုသျှသံအမတ် ၂ ယောက်သည်လေ့ သံတမန်အဆင့်အတန်းနန့် မကိုက်ညီသည့် အပြုအမှုတရပ်ကို လုပ်ဆောင်ခကြောင်း ထုတ်ပြန်ချက်တွင် ပါဟိသည်။
သို့ရာတွင် ရုသျှသံအမတ်များအနီနန့်မည်သည့်ချိုးဖောက်မှုများလုပ်ဆောင်ခကြောင်း ထုတ်ပြန်ချက်တွင် တိတိကျကျ ဖော်ပြထားခြင်း မဟိပါ။
ယင်းသို့ သံတမန်များအား နှင်ထုတ်ခြင်းနန့်ပတ်သက်၍ “အခြီအမြစ်မဟိသည့်စွပ်စွဲချက်များကိုပယ်ချပြီး လက်တုံ့ ပြန်လားမည်”ဟု ရုသျှနိုင်ငံခြားရီးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
၂၀၂၂ ခုနှစ်မှစ၍ ဩစတြေးလျနိုင်ငံက ယင်းသို့နိုင်ငံမှ နှင်ထုတ်ခသည့် ရုသျှသံတမန်အရီအတွက် ၉ ယောက်ဟိခပြီး၊ ဒေဂုနှင်ထုတ်ခံရသည့်သံသမန်များမှာ အယင်က နှင်ထုတ်ခံခရသူများထက် ရာထူးပိုမြင့်ကြောင်းလေ့ သိဟိရ သည်။
Source : Austria Expels 4 Russian Diplomats For Breaching International Agreements
Photo – AP