APM ၊ ဖေဖော်ဝါရီ ၄ / ၂၀၂၃
မြန်မာ့အကျပ်အတည်းကို အဆုံးသတ်ရန် ၂၀၂၁ ခုနှစ်က သဘောတူထားခသည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်ရန်စစ်ကောင်စီအား ဒေနိဖေဖော်ဝါရီ ၄ ရက်နိတွင် အာဆီယံနိုင်ငံခြား ရီးဝန်ကြီးများမှ တိုက်တွန်းလိုက်သည်။
ဂျကာတာမြို့၌ ၂ ရက်ကြာကျင်းပခသည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရီးဝန်ကြီးများအစည်းအဝေးအပြီး တွင် ဝန်ကြီးများက ယင်းသို့တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မြန်မာပြည်တွင် စစ်ကောင်စီ နန့် လက်နက်ကိုင်တပ်များအကြား အကြမ်းဖက်မှုအဆုံးသတ်ရီးအတွက် စစ်ကောင် စီအနီနန့် ပြီးခသည့် ၂၀၂၁ခုနှစ်၊ ဧပြီလ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် အင်ဒိုနီး သျှားနိုင်ငံခြားရီးဝန်ကြီးမှအဆိုပြုခခြင်း ဖြစ်သည်။
ယင်းအဆိုပြုချက်ကို အာဆီယံ နိုင်ငံခြားရီးဝန်ကြီးအားလုံးက သဘောတူညီခကတ်ပြီး၊ ဒေသဘောတူညီချက် သည် မြန်မာ့အရေးကို ဖြေယှင်းရာ၌ အာဆီယံအဖွဲ့ဝင်များ၏ စည်းလုံးမှုကို ပြသခြင်းဖြစ်သည်ဟု အင်ဒိုနီးသျှား နိုင်ငံခြားရီးဝန်ကြီး ရက်တ်နိုမာဆူဒီက ဆိုသည်။
မြန်မာ့အရေးတွင် အကြမ်းဖက်မှုများ လျှော့ချရီးအတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် တနိုင်ငံလုံးအဆင့် နိုင်ငံရီးဆွေးနွေးပွဲဖြစ်လာအောင် အဓိက ကြိုးပမ်းလားမည်ဟုလေ့ ၎င်းက ဆိုသည်။
အင်ဒိုနီးသျှားတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရီးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံမှချမှတ်ထားသည့် ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန်ပျက်ကွက်၍ စစ်ကောင်စီအား တက်ရောက်ခွင့် ပိတ်ထားဆဲ ဖြစ်သည်။
Source – ASEAN ministers urge Myanmar junta to implement agreed peace plan
Photo – AP